ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

နျူကလီးယား လက်နက်အစီအစဉ် ဖျက်သိမ်းဖို့ အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအပေါ် တောင်းဆိုတာကို ရပ်တန့်လျင် ဆွေးနွေးဖို့ စဉ်းစားမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့က ပြည်သူ့ညီလာခံမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းအတွင်း ကင်ဂျုံအန်ရဲ့ အဆိုပါမှတ် ချက်စကားဟာ အမေရိကန်ဉီးဆောင်တဲ့ နျူကလီးယား လက်နက်ဖျက်သိမ်းဖို့ ကြိုးပမ်းမှုတွေကို ပယ်ချ လိုက်တာကို ဖော်ပြနေပါတယ်။

“အမေရိကန်နိုင်ငံက နျူကလီးယား လက်နက်ဖျက်သိမ်းဖို့ တောင်းဆိုမှုကို ရပ်ဆိုင်းပြီး ပကတိ အရှိတရားကို လက်သင့်ခံရင် မဆွေးနွေးစရာ အကြောင်းမရှိပါဘူး” လို့ ၎င်းက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ဟာ ဖြစ်ပေါ်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်ဖို့ မဟာဗျူဟာမြောက် မရှိမဖြစ် လိုအပ်ချက်တစ်ခုလို့ သူက ဆိုပါတယ်။

“အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ မြောက်ကိုရီးယားနိုင်ငံအ တွက် နျူကလီးယားလက်နက်တွေ တည်ဆောက်ဖို့ လိုအပ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားရဲ့ မကြာသေးမီက သံတမန်ရေးရာ ကြိုးပမ်းမှုတွေကို မယုံကြည် ဘူးလို့ ကင်ဂျုံအန်က မိန့်ခွန်းမှာ ထည့်ပြောခဲ့ပါတယ်။

လုံခြုံရေးရာ စိုးရိမ်မှုတွေကြောင့် မြောက်ကိုရီးယားဟာ အမေရိကန်၊ တောင်ကိုရီးယားတို့နဲ့ ထိ တွေ့ဆက်ဆံဖို့ အဆိုပြုချက်တွေကို သံသယနဲ့ ပြန်လည်သုံးသပ်မှု ဆက်လက်ပြုလုပ်မယ်လို့ သူက ဆိုပါ တယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ကို အဆင့်လိုက် ဖျက်သိမ်းဖို့ တောင်ကိုရီးယား ရဲ့ အဆိုပြုချက်တွေကို ၎င်းက ဝေဖန်ခဲ့ပြီး ရန်လိုသော ရည်ရွယ်ချက်တွေရှိတယ်လို့ ပြောပါတယ်။

ကိုးကား – Reuters
Ref; Kim Jong Un open to talks if US drops nuclear disarmament demand