ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ ရက်

အာဖဂန်နစ္စတန်နိုင်ငံရှိ ဘာဂရမ် လေတပ်အခြေစိုက်စခန်းကို ပြန်မပေးရင် မကောင်းသောအရာ တွေ ဖြစ်လာမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၂၀ ရက်မှာ ခြိမ်းခြောက်ခဲ့ပါ တယ်။

“အာဖဂန်နစ္စတန်နိုင်ငံက ဘာဂရမ် လေတပ်အခြေစိုက်စခန်းကို တည်ဆောက်ခဲ့တဲ့ အမေရိကန် နိုင်ငံကို ပြန်မပေးရင် မကောင်းသောအရာတွေ ဖြစ်လာမယ်” လို့ သူက လူမှုကွန်ရက် Truth မှာ ရေး သားခဲ့ပါတယ်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှုတွေအပြီး အမေရိကန်တပ်ဖွဲ့တွေ အသုံးပြုခဲ့ တဲ့ ဘာဂရမ် လေတပ်အခြေစိုက်စခန်းကို ပြန်ထိန်းချုပ်ဖို့ အမေရိကန်နိုင်ငံက ကြိုးပမ်းခဲ့တယ်လို့ ၎င်းက စက်တင်ဘာလ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါကိစ္စကို သူက အာဖဂန်နစ္စတန်ရှိ တာလီဘန်အဖွဲ့နဲ့ စကားပြောဆိုခဲ့တယ်လို့ ဒေါ်နယ် ထရမ့်က စက်တင်ဘာလ ၁၉ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာမှုကြောင့် အဆိုပါ လေတပ်အခြေစိုက်စခန်းကို တာလီဘန်အဖွဲ့က လွှဲပြောင်းယူခဲ့ပါတယ်။

အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်တပ်စွဲလာနိုင်တဲ့ ဘာဂရမ် လေတပ်အခြေစိုက်စခန်း ပြန်လည် တောင်းယူမှုကို တာလီဘန်အဖွဲ့ တာဝန်ရှိသူတွေက ကန့်ကွက်ခဲ့ပါတယ်။

“အမေရိကန်နိုင်ငံက အာဖဂန်နစ္စတန်မှာ တပ်မစွဲဘဲ နှစ်နိုင်ငံကြား အခြားကိစ္စမှာ ထိတွေ့ဆက် ဆံဖို့ လိုအပ်ပါတယ်” လို့ အာဖဂန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ဇာကာဂျာလယ်လ်က စက် တင်ဘာလ ၁၈ ရက်မှာ လူမှုကွန်ရက် X ၌ ရေးသားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Trump says ‘bad things’ will happen if Afghanistan does not return Bagram air base