ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၂ရက်

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်မယ့်လူတွေကို ပြန်ပေးဆွဲရာမှာ ထိုင်း တာဝန်ရှိ သူတွေ ပတ်သက်တယ်ဆိုတဲ့ ရိုက်တာသတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားတဲ့ စွပ်စွဲချက်တွေ ကို ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက ငြင်းဆန်လိုက်ပါတယ်။

ရိုက်တာသတင်းဌာနရဲ့ “Scammed into Scamming” လို့ အမည်ပေးထားတဲ့ မှတ်တမ်းရုပ်ရှင် ဟာ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေသို့ လူကုန်ခံရတဲ့ အာဖရိကနဲ့ အာရှတိုက်မှ လူကိုးဉီးကို အင်တာဗျူးမှုအပေါ် အခြေခံထားပါတယ်။

စွပ်စွဲချက်တွေဟာ အချက်အလက်တွေ လုပ်ကြံထားပြီး မှားယွင်းသော စွပ်စွဲမှုတွေလို့ ထိုင်း လူ ဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ တင်းကျပ်သော စစ်ဆေးမှုစနစ်ကို ဇန်နဝါရီလအတွင်း စတင်ခဲ့ပြီး ဗီဇာစစ် ဆေးခြင်း၊ အပြန်လေယာဉ်လက်မှတ်၊ ခရီးသွားအစီအစဉ်နဲ့ နေထိုင်စရာတွေကို မေးမြန်းစစ်ဆေးတယ် လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ အကြီးတန်းအရာရှိ ရဲဗိုလ်ချုပ် ချောင်ဂရွန်ရင်ပါဒီးက ပြောပါတယ်။

ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနဟာ လူ ၁၆၅၀၀ ကျော်ရဲ့ ပြည်ဝင်ခွင့်ကို ငြင်းဆန်ခဲ့ကြောင်း၊ ဟို တယ်ဝန်ထမ်းတွေဟာ ခွင့်ပြုချက်မရဘဲ ကန့်သတ် အထုပ်အပိုး ထုတ်ယူတဲ့နေရာတွေကို ဝင်ခွင့်မရှိဘူး လို့ သူက ဆိုပါတယ်။

ပြန်ပေးဆွဲခံရမှု အသေးစိတ် အချက်အလက်တွေကို ထိုင်းအာဏာပိုင်တွေကို ပေးခဲ့ပေမယ့် မည် သည့် နောက်ဆက်တွဲသတင်းမျှ ပြန်မပေးဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာသံအမတ်ကြီး ကစ်တိုင်းစ်က ပြောပါတယ်။

စွပ်စွဲချက်နဲ့ပတ်သက်လို့ မည်သည့်သတင်းမှ မရရှိခဲ့ပေမယ့် အများယုံကြည်သော သတင်းအ ချက်အလက် သို့မဟုတ် အထောက်အထားတွေကို စုံစမ်းစစ်ဆေးဖို့ အဆင်သင့်ရှိကြောင်း ထိုင်း နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

ကိုးကား – Reuters
Ref; Thai immigration denies scam-gang abduction links