ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်

ကာရစ်ဘီယံဒေသမှာ အမေရိကန်နိုင်ငံ ကျူးလွန်တဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ဗင်နီဇွဲလား ရှေ့နေချုပ် တာရက်ခ်ဝီလီယံဆတ်ဘ်က ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါ တယ်။

မကြာသေးမီ သီတင်းပတ်တွေအတွင်း ဗင်နီဇွဲလားမှ မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့ စက်လှေသုံး စင်းကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်နိုင်ငံက ပြောကြားခဲ့ပြီးနောက် သူက အခုလို တောင်းဆိုတာပါ။

တိုက်ခိုက်မှုတွေကြောင့် လူ (၁၄) ဉီး သေဆုံးခဲ့တယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။ “စက် လှေပေါ်က အကာအကွယ်မဲ့ တံငါသည်တွေကို ဒုံးကျည်တွေ၊ နျူကလီးယားလက်နက်တွေသုံးပြီး သတ် ဖြတ်တာဟာ ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရမယ့် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်” လို့ တာရက်ခ်ဝီလီယံက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

စက်တင်ဘာလ ၂ ရက်က လှေတစ်စင်းကို အမေရိကန်နိုင်ငံက တိုက်ခိုက်ခဲ့ရာ ဗင်နီဇွဲလားနိုင်ငံ သား (၁၁) ဉီး သေဆုံးခဲ့ပါတယ်။ နိုင်ငံတကာရေပိုင်နက်အတွင်း ဒုတိယစက်လှေကို တိုက်ခိုက်ခဲ့တယ်လို့ ဒီသီတင်းပတ်အစောပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားနိုင်ငံဟာ အချုပ်အခြာအာဏာနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်သ မားတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တယ်လို့ တာရက်ခ်ဝီလီယံက ဆက်ပြောပါတယ်။

ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုဟာ မူးယစ်ဂိုဏ်းတစ်ခုကို ဉီးဆောင်နေတယ်လို့ အမေရိ ကန်အစိုးရက စွပ်စွဲကာ သူ့ကိုဖမ်းမိရင် ဒေါ်လာ သန်း (၅၀) ပေးမယ်လို့ ဆုကြေးထုတ်ပြီးနောက် နှစ်နိုင် ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

ထို့နောက်ပိုင်း မူးယစ်ဆေးဝါးဂိုဏ်းတွေကို တိုက်ဖျက်ဖို့ အမေရိကန်နိုင်ငံဟာ ကာရစ်ဘီယံဒေသ သို့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပါတယ်။

လက်တုံ့ပြန်မှုအဖြစ် ဗင်နီဇွဲလားနိုင်ငံက စစ်သင်္ဘော ၁၂ စင်း၊ တိုက်လေယာဉ် (၂၂) စင်းနဲ့ တပ်ဖွဲ့ ဝင် ၂၃၀၀ ပါဝင်နဲ့ ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ဒုံးကျည်တွေ၊ ဒုံးပျံတွေ ပစ်လွှတ်မှုပါ ဝင်တဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှုကို နိုင်ငံပိုင်ရုပ်သံဌာနက ထုတ်လွှင့်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံက စစ်သင်္ဘောတွေ စေလွှတ်တာဟာ မကြေညာတဲ့ စစ်ပွဲဖြစ်ပြီး စစ်ရေးအရ ခြိမ်းခြောက်မှုတစ်ခုလို့ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာပက်ဒရီနိုက ပြောခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Venezuela urges UN investigation of US for ‘crimes against humanity’