
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ရက်
ရုရှားတိုက်လေယာဉ်သုံးစင်းဟာ သောကြာနေ့က ခွင့်မပြုချက်မရှိဘဲ အက်စတိုနီးယားလေပိုင် နက်အတွင်း ၁၂ မိနစ်ကြာအောင် ဝင်ရောက်ခဲ့တယ်လို့ အက်စတိုနီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
နေတိုးအဖွဲ့ရဲ့ တိုက်လေယာဉ်တွေက ပိုလန်ပိုင်နက်အတွင်း ကျူးကျော်လာတဲ့ ရုရှားဒရုန်းတွေ ကို ပစ်ချခဲ့ပြီး တစ်ပတ်အကြာမှာ ဖြစ်ပွားခဲ့တဲ့ ယခုဖြစ်စဉ်ကိုကန့်ကွက်ဖို့ အက်စတိုနီးယားနိုင်ငံက ရု ရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပါတယ်။
ရုရှားဂျက်တိုက်လေယာဉ်တွေဟာ ယခုနှစ်အတွင်း အက်စတိုနီးယား လေပိုင်နက်ကို လေးကြိမ် အထိ ချိုးဖောက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာဂတ်စ်တက်ရှ်နာက ပြောပါတယ်။
ရုရှား ဂျက်တိုက်လေယာဉ်တွေ ၎င်းတို့လေပိုင်နက်ကို ချိုးဖောက်ပြီးနောက် အစိုးရက မဟာမိတ် တွေနဲ့ ဆွေးနွေးမှုတွေစတင်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း အက်စတိုနီးယား ကာကွယ်ရေးဝန်ကြီး ဟန်နိုပက်ရှ် ကူက ပြောပါတယ်။
ဖြစ်စဉ်အသေးစိတ်ကို ဆွေးနွေးဖို့ လာမယ့်အပတ်မှာ မြောက်အတ္တလန္တိတ်ကောင်စီ အစည်းအ ဝေး ကျင်းပမယ်လို့ နေတိုးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အလီဆင်ဟတ်က သောကြာနေ့မှာ ပြောကြားခဲ့ပါ တယ်။
ရုရှားဂျက်တိုက်လေယာဉ်တွေ အက်စတိုနီးယားလေပိုင်နက်ထဲ ဝင်ရောက်တဲ့ဖြစ်စဉ်ကို လက် ထောက်တွေက သူ့ကို မကြာမီ အစီရင်ခံတင်ပြမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါ တယ်။
“ကျွန်တော် ဒါမျိုးဖြစ်တာကို သဘောမကျပါဘူး။ ဒုက္ခအကြီးအကျယ် ရောက်သွားနိုင်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ကိုးကား – Independent
Ref; Trump hits out at Russia after fighter jets enter Estonian airspace in ‘brazen’ incursion