
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၁ ရက်
အာဖဂန်နစ္စတန်နိုင်ငံရှိ စစ်ဘက်အခြေစိုက်စခန်းတစ်ခုကို တာလီဘန်အဖွဲ့ထံမှပြန်ရဖို့ အမေရိ ကန်နိုင်ငံက တွန်းအားပေးနေတယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေ ၂၀၂၁ ခုနှစ်မှာ ပြန်ဆုတ်ခွာချိန်အထိ ဘာဂရမ်လေယာဉ်ကွင်းဟာ အာဖ ဂန်နစ္စတန်နိုင်ငံရှိ အကြီးမားဆုံး အမေရိကန် အခြေစိုက်စခန်း ဖြစ်ခဲ့ပါတယ်။
ကြာသပတေးနေ့က ဗြိတိန်သို့သွားရောက်တဲ့ တရားဝင်ခရီးစဉ်အပြီးမှာ ဒေါ်နယ်ထရမ့်က အခု လို ဝန်ခံခဲ့တာပါ။
ဘာဂရမ် အခြေစိုက်စခန်းဟာ တရုတ်ရဲ့ နျူကလီးယားလက်နက်တွေ ထုတ်လုပ်ရာနေရာမှ တစ် နာရီခန့်ကြာသွားရတာလို့ ၎င်းက ပြောပါတယ်။
တာလီဘန်အဖွဲ့က အမေရိကန်နိုင်ငံမှ လိုအပ်တဲ့အရာတွေရှိပြီး သဘောတူညီချက် တစ်စိတ်တစ် ပိုင်းအဖြစ် မကြာမီ လေယာဉ်ကွင်းကို ပြန်လည်ရရှိမယ်လို့ ယုံကြည်တယ်လို့ သူက ဆိုပါတယ်။
ကဘူးလ်မြို့တော်အနီးမှာရှိတဲ့ ဘာဂရမ် အခြေစိုက်စခန်းဟာ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု တွေအပြီး စစ်ဆင်ရေးတွေမှာ အမေရိကန်အတွက် မဟာဗျူဟာကျကျ အရေးပါတဲ့ နေရာတစ်ခု ဖြစ်ခဲ့ပါ တယ်။
အမေရိကန်တပ်ဖွဲ့တွေ ဆုတ်ခွာချိန်နောက်ပိုင်း အာဖဂန်နစ္စတန်နိုင်ငံမှာ တရုတ်သြဇာ ကြီးမား လာမှုနဲ့ပတ်သက်လို့ အမေရိကန် လွှတ်တော်အမတ်အချို့က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။
ကိုးကား – NHK
Ref; Trump says US wants Afghanistan military base back