
ဓာတ်ပုံ - ဇွန်လအတွင်း စစ်ခေါင်းဆောင်က သီရိလင်္ကါသံအမတ်ကိုခန့်အပ်လွှာပေးစဥ်။
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်
သီရိလင်္ကာနိုင်ငံကို စစ်ကောင်စီက ဆန်တန်ချိန် ၁၀၀၀ စက်တင်ဘာလ ၂ ရက် မနေ့က လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာ ထုတ်ပြန်လာပါတယ်။
အဲ့ဒီဆန်တန်ချိန် ၁၀၀၀ ကို ရန်ကုန်မြို့ Asia World Port Terminal မှာ စစ်ကောင်စီခန့်စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမြန်မာနိူင်ငံအတွင်း စပါးစိုက်ပျိုးမှုများပြားတဲ့ ဒေသတခုဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေကြောင့် ဒေသခံလယ်သမားတွေ နေရပ်စွန့်ခွာထွက်ပြေးနေရလို့ စပါးစိုက်ပျိုးမှုနည်း ပါးပြီး ဆန်အထွက်နှုန်းလျော့ကျနေတာပါ။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးတဲ့နောက် ၃ ဆ ဝန်းကျင် မြင့်တက်လာတဲ့ သွင်းအားစုစျေးနှုန်းတွေကြောင့် ဧရာဝတီ တိုင်းက လယ်သမားတွေအပါအဝင် လယ်သမားအများစု စပါးစိုက်ဖို့အတွက်ရုန်းကန်နေရလို့ ဆန်အထွက်နှုန်းလျော့ကျမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
မြန်မာပြည်တွင်းဖြစ်ပေါ်နေတဲ့ ဆန်အပါအဝင်အခြေခံစားကုန်စျေးနှုန်းနဲ့စက်သုံးဆီစျေးကြီးမြင့်မှု၊ ငွေကြေး ဖောင်းပွမှုကြောင့် ဒေါ်လာ၊ရွှေနဲ့တခြားနိုင်ငံခြားငွေလဲလှယ်နှူန်းတွေမြင့်တက်နေလို့ မြန်မာပြည်သူတွေ ဒုက္ခရောက်နေချိန် အခုလိုစစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ဝေဖန်မှုတွေရှိနေတာပါ။