ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်

မြန်မာရွေးကောက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်တာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရှုတ်ချလိုက်ပြီး အာဏာသိမ်းစစ်ကောင်စီအပေါ် ဖိအား ပိုပေးဖို့ ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

“အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် မတရား ချ လိုက်တာကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။

“အကြမ်းဖက်မှုနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံ ခေါင်းဆောင်တွေကို နှိပ် ကွက်မှုတွေ မြင့်တက်လာတာနဲ့ပတ်သက်လို့ အာဏာသိမ်းစ်ကောင်စီ တာဝန်ခံစေဖို့ ကျွန်တော်တို့ လက်တွဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာ မဲမသမာမှုပြုလုပ်တယ်ဆိုတာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုပြီး ထောင်ဒဏ်သုံးနှစ် ထပ်မံ ချမှတ်ခဲ့တာပါ။

မြန်မာစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုပြီးနောက် ထိန်း သိမ်းကာ အကျင့်ပျက်ချစားမှု အပါအဝင် စွဲချက်တွေများစွာနဲ့ တရားစွဲဆိုထားပါတယ်။
အမေရိကန်နဲ့ အနောက်နိုင်ငံတွေက အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူမှု တွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီက ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်ပြီးနောက် အမေရိကန်နိုင်ငံ က ကတိပြုခဲ့ပေမယ့် မြန်မာနိုင်ငံမှ စွမ်းအင် အဓိက တင်သွင်းတဲ့ ထိုင်းနိုင်ငံရဲ့ကန့်ကွက်မှုကြောင့် ရေနံနဲ့ဓာတ် ငွေ့လုပ်ငန်းကို ဒဏ်ခတ်အရေးယူမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ရပါတယ်။

ကိုးကား – AFP
Ref; Blinken denounces new three-year term for Myanmar’s Aung San Suu Kyi