
စက်တင်ဘာလ ၂ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ
(Ayeyarwaddy Times News SMS)
– နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ အမိန့်ချမှတ်
– ပြည်တွင်းရွှေဈေး တကျပ်သား ကျပ် ၁၀ သိန်းနီးပါး ပြန်ကျ
– တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄-၅၆) နေအိမ်ကို အမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်အဖြစ် NUG သတ်မှတ်ကြေညာ
– အထက်မင်းလှ-PDF စခန်းကို စစ်တပ်ဝင်ရောက်စီးနင်းစဉ် မိုင်းနင်းမိပြီး ၁၀ ဦးခန့်သေဆုံး
– ရေး-ထားဝယ် လမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ
– အမ်းမြို့နယ်၌ စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
– ဧရာဝတီတိုင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး ရန်ကုန်မြို့၌ ဖမ်းဆီးခံရ
– မြန်မာနိုင်ငံတွင် စစ်ပြေးဒုက္ခသည် ၃ သန်းခန့်ရှိလာ၊ ၁ သန်းခွဲခန့်က ပြည်တွင်းဒုက္ခသည်များ ဖြစ်ဟု ISP Myanmar ပြော
– မလေးရှား၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ဇနီး လာဘ်စားမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ