
မြင်းမူမှာ ပျူစောထီး ၃ ဦး ကို ပြောက်ကျားတပ်ဖွဲ့ရှင်းလင်း၊ လက်လုပ်သေနတ် ၁ လက်ရရှိ
ညိမ်းသော် / ဧရာဝတီတိုင်းမ်
(မြင်းမူ)၊ စက်တင်ဘာလ ၂ ရက်
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းက စစ်ကောင်စီတပ်များနှင့်ပူးပေါင်းပြီး ပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျ နေသည့် ပျူစောထီး ၃ ဦးကို ယမန်နေ့ စက်တင်ဘာ ၁ ရက် ညပိုင်းက ရှင်းလင်းခဲ့ကြောင်း မြင်းမူပြောက်ကျား တပ်ဖွဲ့ Nway Oo Takhon PDF ကသတင်းထုတ်ပြန် သည်။
မြင်းမူမြို့နယ်အတွင်း အဆိုပါ ပျူစောထီးများရှိသည့်နေရာသို့ ဝင်ရောက်စီးနင်းသုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပျူစောထီးများကိုင်ဆောင်သည့် လက်လုပ်သေနတ်တလက်သိမ်းဆည်းရမိခဲ့ကာ ပျူစောထီး ၁ ဦးလွတ်မြောက်သွားကြောင်း ပြောက် ကျားအဖွဲ့တာဝန်ရှိသူကပြောသည်။
“မနေ့ကညကပျူ ၄ ကောင်ကိုဝင်ဖမ်းတယ်။ နေရာကတော့လုံခြုံရေးအရ ဖော်ပြလို့အဆင်မပြေလို့ မဖော်ပြတာပါ။ ၃ ကောင်ကိုတော့ရှင်းလင်းလိုက်ပြီး ၁ ကောင်ကတော့ ထွက်ပြေးလွတ်မြောတ်သွားတယ် ။ သေနတ်တစ်လက်နဲ့ စစ်အသုံးအဆောင် ပစ္စည်းတစ်ချို့တော့ရလိုက်တယ်၊ ဒီပျူတွေက မြင်းမူဘက်မှာလှုပ်ရှားပြီး
ငါန်းဇွန်ဘက်ကပျူတွေနဲ့လည်းဆက်စပ်မှုရှိနေပါတယ်” ဟု မြင်းမူ Nway Oo Takhon PDF တာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဲ့ဒီတိုက်ခိုက်မှုကို Nway Oo Takhon PDF နှင့် မဟာ မိတ်တပ်ဖွဲ့များဖြစ်သည့် MMU Myaung PDF ၊ Zamani Revolution အဖွဲ့များက ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
#AyeyarwaddyTimes