ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၂၀ ရက်

နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်ရဲ့ စီစဉ်ထားတဲ့ မြန်မာခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်တယ် လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ပါတယ်။

မိုဟာမက်ဟတ်ဆန်ရဲ့ မြန်မာခရီးစဉ်ကို ကနဉီးက သောကြာနေ့မှာ စီစဉ်ခဲ့ပေမယ့် ရှောင်လွှဲမရ တဲ့ အခြေအနေတွေကြောင့် ရွှေ့ဆိုင်းလိုက်တာပါ။

မိုဟာမက်ဟတ်ဆန်ဟာ မြန်မာ့အခြေအနေကို အကဲဖြတ်မယ့် တရားဝင် အာဆီယံကိုယ်စား လှယ်အဖွဲ့ကို ဉီးဆောင်မှာပါ။

အဆိုပါ အာဆီယံကိုယ်စားလှယ်အဖွဲ့မှာ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားမှ နိုင်ငံခြားရေးဝန်ကြီး တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

အာဆီယံကိုယ်စားလှယ်အဖွဲ့ရဲ့မစ်ရှင်မှာ မြန်မာစစ်ကော်မရှင်လက်ထက် တိုင်းပြည်အခြေအနေ ကို အကဲဖြတ်ဖို့ဖြစ်ပြီး အရေးပေါ်အခြေအနေ အဆုံးသတ်မှုကို ဆန်းစစ်မယ်လို့ ဆိုပါတယ်။

ဒီနှစ်ကုန်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ မြန်မာစစ်ကော်မရှင်က ကြေညာခဲ့ပြီး ဖွဲ့စည်း ပုံအခြေခံဥပဒေနဲ့အညီ အရေးပေါ်အခြေအနေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း ရွေးကောက်ပွဲကျင်းပမှု ဖော်ဆောင်မှုအပေါ် ရှင်းလင်းချက်ပေးဖို့ မိုဟာမက် ဟတ်ဆန်က အစောပိုင်းမှာ တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ မြို့နယ် ၆၃ ခုမှာ အရေးပေါ် အခြေအနေအရ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားဆဲလို့ ၎င်းက ထောက်ပြပါတယ်။

အောက်တိုဘာလမှာပြုလုပ်မယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံခေါင်းဆောင်တွေထံ တင်ပြဖို့ ပိုမိုရှင်းလင်းတဲ့ မြန်မာစစ်ကော်မရှင်ရဲ့ အဖြေကို မိုဟာမက်ဟတ်ဆန်က လိုလားခဲ့တာပါ။

ကိုးကား – Bernama
Ref; Malaysia foreign minister’s Myanmar visit postponed by Wisma Putra