
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
ပြည်တွင်းမွေးမြူရေးကဏ္ဍတွင် အရေးပါသော ဆီကြိတ်ဖတ်များ၏ ဈေးနှုန်းမြင့်တက်လာမှုကြောင့် တိရစ္ဆာန်အစာလိုအပ် ချက်အတွက် ပြည်ပမှ ပဲဖတ်များတင်သွင်းရနိုင်သည့် အခြေအနေသို့ ရောက်ရှိ နိုင်သည်ဟု မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်တွင်းဆီစက်များမှ ထွက်ရှိသော ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုံညင်းဖတ်၊ ပန်းနှမ်းဖတ်၊ ပဲပုတ်ဖတ် စသည့် ဆီကြိတ်ဖတ်များ၏ ဈေးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လျက်ရှိရာ တိရစ္ဆာန် အစာဈေးနှုန်းများ မြင့်တက်လာပြီး အသား၊ ငါး၊ ဥ၊ နို့ စသည့် ဆက်စပ်ကုန်ပစ္စည်းဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ပဲဖတ်လက်ကားရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ ရရှိသည့် အချက်အလက်များအရ ပဲဖတ် တစ်ပိဿာ၏ ဈေးနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၄,၀၅၀ ကျပ်ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၅,၈၀၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ပြည်တွင်းဆီစက်များအနေဖြင့် ထွက်ရှိလာသော ဆီကြိတ်ဖတ်များကို ကုန်ချိန်များစွာ သိုလှောင်ထားခြင်း၊ ဈေးနှုန်းကြီးမြင့်အောင် လုပ်ဆောင်ခြင်းများ မပြုလုပ်ရန်လည်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်