ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာတွင်ရှိသော အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများကို စက်တင်ဘာလ ဒုတိယပါတ်တွင် ရှေ့တန်းသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

သင်တန်းဆင်းတပ်သား ၁၀၀ ခန့်ကို စစ်တပ်ကားများဖြင့် ရန်ကုန်ဘက်သို့အရေးပေါ်ခေါ်ဆောင်သွားပြီး ထိုမှတစ်ဆင့် ရှေ့တန်းများကို စေလွှတ်မည်ဖြစ်ကြောင်း စစ်တပ်နှင့်နီးစပ်သူများကပြောသည်။

“အရင်ဆုံးရန်ကုန်ကစစ်တပ်မှာထားမယ်ပြီးရင်လိုတဲ့နေရာပို့မယ်ကြားတယ်ရုတ်တရက် ပါသွားကြတာဆိုတော့ မိသားစုတွေကိုတောင်အကြောင်းကြားခွင့်မရှိလို့ မသိလိုက်ရဘူး”ဟုမိသားစု၀င်တစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။

ပုသိမ်မှ ရန်ကုန်သို့ ယခုပို့လိုက်သည့် သင်တန်းဆင်းတပ်သားသစ်များကို တနသ်ာရီတိုင်းအတွင်းရှိ စစ်မြေပြင်များသို့ ပို့ဆောင်မည်ဟု ဧရာဝတီတိုင်းမ်က စုံစမ်းသိရသည်။

လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အပါတ်စဥ်(၁၇ ) ကို သင်တန်းပေးနေပြီး ယခု ရှေ့တန်းသို့ပို့ဆောင်ခံရသူများမှာ အပါတ်စဥ်(၁၅)မှ နှစ်လကြာသင်တန်းတက်​ရသူများဖြစ်ကြောင်း ​စစ်တပ်နှင့်နီးစပ်သူများထံမှသိရှိရသည်။

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်းများ