
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
ယူကရိန်းစစ်တပ်ဟာ အရှေိ့ပိုင်းစစ်မျက်နှာမှာ ရုရှားတပ်ဖွဲ့တွေကို တန်ပြန်ထိုးစစ်တစ်ခု ဆင်နွှဲ နေတယ်လို့ ဒွန်းနက်ခ်ဒေသကို သွားရောက်ပြီးနောက် သမ္မတ ဇီလန်စကီးက ပြောပါတယ်။
“ယူကရိန်းစစ်တပ်ဟာ ကျူးကျော်သူ ရုရှားတပ်ဖွဲ့ကို တင်းပြည့် ထိုးစစ်ဆင်မှု ပြုလုပ်နေပါ တယ်” လို့ ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ၎င်းက ဆိုပါတယ်။
စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း ယူကရိန်းစစ်တပ်ဟာ စတုရန်းကီလိုမီတာ ၁၆၀ ပြန်သိမ်းပိုက် ခဲ့ပြီး နေရာကိုးခုမှ ကျူးကျော်သူတွေကို ရှင်းလင်းနိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။
တန်ပြန်စစ်ဆင်ရေးကို ဘယ်အချိန်မှာ စတင်ခဲ့တယ်ဆိုတာ ဇီလန်စကီးက အသေးစိတ်မပြောခဲ့ ပေမယ့် ဒိုပရိုပီလီယာနဲ့ ပေါ့ရိုဗက်ခ်မြို့ဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားက တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားပေမယ့် မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်မှ မရရှိမီ ယူကရိန်း စွန့်လွှတ်တာ ရုရှားက လိုလားနေတဲ့ ဒွန်းနက်ခ်ဒေသဟာ တိုက်ပွဲအပြင်းထန်ဆုံး နေ ရာဖြစ်နေဆဲပါ။
စက်တင်ဘာလ ၁၈ ရက်က ရုရှား ပဲ့ထိန်းဗုံးတိုက်ခိုက်မှုကြောင့် ဒိုပရိုပီလီယာမြို့မှ ၂၅ မိုင်သာ ကွာဝေးတဲ့ ကော့စတန်ညစ်ဗာမြို့မှာ အရပ်သားငါးဉီး သေဆုံးခဲ့ပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေအတွက် ရှေ့တန်းစစ်မျက်နှာကို ကာကွယ်ရာမှာ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာတစ်ခုဖြစ်ခဲ့တဲ့ ကော့စတန်ညစ်ဗာမြို့နဲ့ ၈ ကီလိုမီတာအထိ ရုရှားတပ်ဖွဲ့တွေ ရောက်ရှိလာ ခဲ့ပြီလို့ သိရပါတယ်။
ကိုးကား – Reuters
Ref; Ukrainian military in counteroffensive on eastern front, Zelenskiy says