
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၉ ရက်
အငြင်းပွားနယ်စပ်မှာ မိသားစု ၂၀ ကျော် နေရပ်မပြန်နိုင်အောင် ထိုင်းနိုင်ငံက ဟန့်တားနေတယ် လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က စွပ်စွဲလိုက်ပါတယ်။
ကမ္ဘောဒီးယားဒေသခံတွေဟာ ထိုင်းပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ခဲ့တယ်လို့ ထိုင်းစစ် တပ်က ပြောကြားခဲ့ပါတယ်။
ထိုင်းတပ်ဖွဲ့ဟာ စက်တင်ဘာလ ၁၇ ရက်က အငြင်းပွား နယ်စပ်ကျေးရွာတစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲအတွင်း ရာနဲ့ချီတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို ရော်ဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ် ခတ်ခဲ့ရာ စစ်သားတစ်ဉီးနဲ့ ဘုန်းကြီးတစ်ပါး အပါအဝင် လူ ၃၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
ထိုင်းတပ်ဖွဲ့ဟာ သံဆူးကြိုးတွေနဲ့ အတားအဆီးတွေ ချပြီး ပဋိပက္ခဇုန်ကို ချဲ့လာခဲ့ပြီး ကမ္ဘောဒီး ယားအရပ်သားတွေကို အဓမ္မ နှင်ထုတ်ခဲ့ကြောင်း စက်တင်ဘာလ ၁၇ ရက်က ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် အန်တိုနီယိုဂူတာရက်ထံ ပေးပို့ခဲ့တဲ့စာမှာ ဟွန်မာနက်က ပြောပါတယ်။
အကြမ်းဖက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေဟာ ထိုင်းပိုင်နက်ထဲ တရားမ ဝင် ကျူးကျော်ဝင်ရောက်ခဲ့တာလို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်းဆူဗာရီးက ထုတ်ပြန်ချက် တစ်ခုမှာ ပြောပါတယ်။
ကမ္ဘောဒီးယားရွာသားတွေက သစ်သားတုပ်တွေကိုင်ပြီး ထိုင်း တာဝန်ရှိသူတွေကို အန္တရာယ်ပြု ကာ အတားအဆီးတွေကို ချိုးဖျက်ဖို့ရည်ရွယ်တာကို ကမ္ဘောဒီးယားစစ်သားတွေက မဟန့်တားခဲ့ဘူးလို့ ဆူဗာရီးက စွပ်စွဲခဲ့ပါတယ်။
ထိုင်းစစ်တပ်က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲမှာ ထိုင်း လုံခြုံရေးတပ်ဖွဲ့က ကမ္ဘောဒီးယားရွာသား တွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့ရာ ကမ္ဘောဒီးယားအချို့က သစ်သားတုပ်တွေ ကိုင်ဆောင်ပြီး ထိုင်း အာဏာပိုင်တွေကို ရန်ပြုကာ သံဆူးကြိုးတွေကို ဖယ်ရှားဖို့ကြိုးပမ်းပုံကို မြင်တွေ့ရပါတယ်။
ထိုင်းစစ်တပ်ဟာ နယ်စပ်တစ်လျှောက်ရှိ နေရာ ၁၇ ခုမှာ နယ်မြေသိမ်းပိုက်ဖို့ အင်အားသုံးဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်လို့ ဟွန်မာနက်က စာအတွင်း ကုလသမဂ္ဂ အကြီးအကဲကို ပြောကြားခဲ့ပါတယ်။
အရပ်သားတွေကို အင်အားသုံးတာ ရှောင်ကြဉ်ဖို့နဲ့ အဓမ္မ နှင်ထုတ်တာ ရပ်တန့်ရေး ထိုင်းနိုင်ငံ ကို တိုက်တွန်းဖို့လည်း ၎င်းက အာဆီယံအဖွဲ့ လက်ရှိဥက္ကဌ မလေးရှားနိုင်ငံကို တောင်းဆိုခဲ့ပါတယ်။
ကိုးကား – AFP
Ref; Cambodian PM accuses Thai forces of evicting civilians on border