ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က The New York Times သတင်းစာကို တရားစွဲဆိုခဲ့ပြီး ဒေါ်လာ ၁၅ ဘီလီယံ နစ်နာကြေးပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ဖလော်ရီဒါပြည်နယ်ရှိ တရားရုံးတစ်ခုမှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး The New York Times သတင်းစာပါ ဆောင်းပါးတွေကြောင့် သိက္ခာကျခဲ့ရတယ်လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ The New York Times သတင်းစာ စာတည်းအဖွဲ့က ဒီမိုကရက် ကာမာလာဟားရစ်ကို ထောက်ခံခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

The New York Times ဟာ ဒီမိုကရက်တွေရဲ့အသံကို အပြည့်အဝဖော်ပြတဲ့ သတင်းစာတစ် စောင်ဖြစ်ပြီး စာတည်းအဖွဲ့ဟာ နိုင်ငံရေးအတိုက်အခံတွေကို သိက္ခာကျအောင်လုပ်နေတာလို့ သူက ဆို ပါတယ်။

တရားစွဲဆိုမှုက ကောင်းကျိုးမရှိကြောင်း၊ မည်သည့် တရားဝင် တောင်းဆိုပိုင်ခွင့် မရှိသလို လွတ် လပ်သော သတင်းရေးသားမှုကို နှိမ်ထားတဲ့ ကြိုးပမ်းမှုတစ်ခုလို့ The New York Times က ပြောပါ တယ်။

ဒေါ်နယ်ထရမ့်ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း မီဒီယာအဖွဲ့အစည်းတွေကို တရားစွဲဆိုမှုတွေ ဆက် တိုက် လုပ်ဆောင်ခဲ့ပါတယ်။
ဇူလိုင်လအတွင်း ဆောင်းပါးတစ်ပုဒ် ဖော်ပြမှုနဲ့ပတ်သက်လို့ ဒေါ်နယ်ထရမ့်က The Wall Street ဂျာနယ်ကို တရားစွဲကာ နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုခဲ့ပါတယ်။

ကိုးကား – NHK
Ref; Trump files $15 bil. defamation lawsuit against The New York Times