ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုနောက်ပိုင်း ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင် ဖို့ မကြာသေးမီက တိုင်းပြည်တစ်ဝှမ်း ထိုးစစ်ဆင်မှုသစ်တစ်ခု စတင်ခဲ့ပါတယ်။ ထိုစစ်ဆင်ရေးတွေကို ကြမ်းကြုတ်သောတပ်ဖွဲ့တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတိုက်ခိုက်မှုတွေ၊ ဒရုန်းတွေ ကို ပိုသုံးပြီး လုပ်ဆောင်လာတာပါ။

ဤမေးခွန်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေထိန်းချုပ်မှုတွေ ဆုံးရှုံးသွားပြီးနောက် ဒေသန္တရ အုပ်ချုပ် ရေးပုံစံသစ်တွေ ထွက်ပေါ်လာခြင်းကဲ့သို့ပင် အရေးကြီးသော မေးခွန်းဖြစ်ပါတယ်။ အဆိုပါ ပေါ်ပေါက် လာသော ဖွဲ့စည်းပုံများတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်အဖွဲ့ တွေနဲ့ လူထုခေါင်းဆောင်များ ပါဝင်လေ့ရှိပါတယ်။

အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရှိ မျိုးဆက်သစ် များ အသံထွက်ခွင့်ရလာပါတယ်။ ၂၀၁၁ ခု နှစ်မှာ တိုင်းပြည်က ပြင်ပကမ္ဘာနဲ့ ဖွင့်လှစ်လိုက်မှုကြောင့် လွတ်လပ်မှုအရသာ မြည်းစမ်းခွင့်ရရှိခဲ့တဲ့ လူ ငယ်မျိုးဆက်ဟာ ၎င်းတို့ရဲ့လွတ်လပ်ခွင့် အဆုံးရှုံးမလိုခဲ့ကြပေ။ လူငယ်မျိုးဆက်ဟာ ပြည်တွင်းရော ပြင် ပကမ္ဘာနဲ့ပါ ချိတ်ဆက်ခဲ့ပါတယ်။ လူငယ်မျိုးဆက်ဟာ တန်ဖိုးနဲ့ အလေ့အထသစ်တွေ ဖော်ဆောင်ခဲ့ပါ တယ်။

စစ်တပ်ရဲ့ လက်ရှိ ထိုးစစ်ဆင်မှုက မြန်မာနိုင်ငံရှိအခြေအနေကို မဖြေရှင်းနိုင်ပေ။ နိုင်ငံတကာ အ သိုင်းအဝိုင်းနဲ့ အာဆီယံအဖွဲ့ဟာ မြန်မာစစ်တပ် အနိုင်မရနိုင်တာကို လက်ခံဖို့ လိုအပ်ပါတယ်။

မြန်မာစစ် တပ်ဟာ တိုင်းပြည်ကို ဆုံးရှုံးခဲ့တာဖြစ်လို့ အနိုင်မရနိုင်ပေ။ ဒီနှစ်ကုန်မှာ မျှော်မှန်းထားတဲ့ ရွေးကောက်ပွဲ ကျင်းပပေးမယ့်အစား နိုင်ငံတကာအသိုင်းအဝန်းဟာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နိုင်ငံတကာ ထောက်ခံသူ တွေကို အမြော်အမြင်ရှိဆုံး လုပ်ဆောင်မှုမှာ တော်လှန်ရေး အင်အားစေတွေနဲ့ အကျပ်အတည်းမှ ပြေ လည်အောင် စေ့စပ်ညှိနှိုင်းဖို့ စည်းရုံးသင့်ပါတယ်။

ရွေးကောက်ပွဲဟာ ဉီးစားပေးလုပ်ငန်းတစ်ခု မဟုတ်တာကို အာဆီယံဥက္ကဌ မလေးရှားနိုင်ငံက စစ်ခေါင်းဆောင်ကို ပြောကြားခဲ့ပြီးဖြစ်သလို မလေးရှားနဲ့ အခြားတိုင်းပြည်အချို့က ရွေးကောက်ပွဲအစီ အစဉ်တွေကို စစ်ကော်မရှင်က ရှင်းပြဖို့ တောင်းဆိုထားပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေ အများအပြားမှ မြန်မာစစ်တပ် ဆုတ်ခွာသွားခြင်းကြောင့် ဒေသန္တရ အုပ်ချုပ်ရေးပုံစံသစ်များ အမြစ်တွယ် စေခဲ့ပါတယ်။

ကရင်နီနမူနာက လက်တွေ့မှာ မည်သို့မည်ပုံရှိတာကို ပြီးပြည့်စုံသော သရုပ်ပြမှုအဖြစ် ပေါ်လွင် စေပါတယ်။ အကျပ်အတည်းက မြန်မာနိုင်ငံအတွက် မထူးခြားပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာ ဖိနှိပ်ချုပ်ချယ် မှုတွေ နဲ့ ပြိုင်ဆိုင်မှုရှိသော အစိုးရတွေ ပြိုလဲသွားသည့်အခါ ဗဟိုအာဏာစက်ပြိုကွဲမှုဟာ ချောမွေ့သော အသွင်ကူးပြောင်းမှု မဖြစ်နိုင်ပေ။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသစ်များ ပေါ်ပေါက်လာသော်လည်း ကမ္ဘာ့နိုင်ငံတွေဟာ စစ်အစိုးရ တွေနဲ့ ထိတွေ့ဆက်ဆံဖို့ ချီတုံချတုံ ဖြစ်နေပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလမှာ နယူးယောက်တက္ကသိုလ်ရှိ Chatham House နှင့် International Cooperation စင်တာတို့ ပူးပေါင်းပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ မြန်မာ့လူဦးရေ၏ ထက်ဝက်နီးပါးဟာ ဗဟိုအစိုးရရဲ့ ထိန်းချုပ်မှုအောက်မရှိတဲ့ ပဋိပက္ခဘေးသင့်ဒေသ တွေမှာ နေထိုင်ရ သို့မဟုတ် ထိရောက်သော ထိန်းချုပ်မှု မလုပ်နိုင်တော့ဘူးလို့ ခန့်မှန်းထားပါတယ်။

အဆိုပါပုံစံကို သုံးမျိုးခွဲထားပြီး ကွန်ဂိုသမ္မတနိုင်ငံ၊ ဟေတီ၊ မာလီ၊ တောင်ဆူဒန်၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ လစ်ဗျား၊ ဆိုမာလီယာ၊ ယီမင်၊ မြန်မာတို့ ပါဝင်ပါတယ်။ ဖြစ်စဉ်တိုင်းကို စစ်အစိုးရတွေက အကြမ်းဖက်မှုတွေအဖြစ် သတ်မှတ်ပြီး ရမ်းသမ်း တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ကာ အာဏာဆက်ထိန်း ဖို့ နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်ပါတယ်။

မြန်မာနိုင်ငံ ပြသထားတဲ့ အစားထိုးမော်ဒယ်တွေက ဖြစ်နိုင်ချေရှိပြီး ပေါ်ထွက်နေပြီဖြစ်ပါတယ်။ ဗဟိုအာဏာပိုင်တွေ ပြိုလဲသွားတဲ့အခါ အုပ်ချုပ်ရေးက သေချာပေါက် ပျောက်ကွယ်မသွားပါဘူး။ ကရင် နီပြည်နယ်မှာ အရပ်ဘက်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ ပါဝင်နိုင်သော အုပ်ချုပ်ရေးပုံစံကို တည် ဆောက်ရာမှာ ရှေ့တန်းမှ လှုပ်ရှားလာပါတယ်။

Karenni State Consultative Council (KSCC) ကို အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူငယ်နှင့် အ မျိုးသမီးအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျွမ်း ကျင်ပညာရှင်တွေနဲ့ စုစည်းထားသည်။ ယာယီ အမှုဆောင်ကောင်စီ (IEC) ကို ထူထောင်ခဲ့ပြီး အခြေခံမှစပြီး စီမံခန့်ခွဲရေးဆိုင်ရာ အဆောက်အဦတွေကို တည်ဆောက်ခဲ့ပါတယ်။

လိုက်လျောညီထွေ မဖြစ်သေးတဲ့အဖွဲ့များကို နောက်မှ ပါဝင်ခွင့်ပြုဖို့ ထိုင်ခုံများ ပင် လစ်လပ်ထားပါတယ်။

ထိုစနစ်မှာ အထက်မှ အတင်းအကြပ် ပြဌာန်းခြင်းထက် မူအရ၊ ဂုဏ်သိက္ခာနှင့် ပူးပေါင်းပါဝင်မှုနဲ့ ပုံဖော်ထားသော အုပ်ချုပ်ရေးဖြစ်ပါတယ်။ ထိန်းချုပ်နယ်မြေသစ်တွေမှာ ဒေသခံလူထုနဲ့ ပူးပေါင်းပါဝင် တဲ့ ချဉ်းကပ်မှုတွေက တရားဝင်မှု ပိုရှိစေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လိုမျိုး အဖွဲ့တွေ က အသိအမှတ်ပြုပါတယ်။

စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ပြောင်းလဲဖို့ TNLA ကလည်း စိတ်ဝင်စားနေပြီး ကရင်နီပုံစံကို အနီးကပ် လေ့လာနေပါတယ်။ ချင်းပြည်နယ်၊ KIA၊ MNDAA၊ မွန်မှ ခေါင်းဆောင်တွေနဲ့ စစ်ကိုင်းဖိုရမ်တွေမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ထိုအပြောင်းအလဲရဲ့ အဓိကအချက်မှာ မြန်မာနိုင်ငံ၏ Generation Z တွေဖြစ်ပါ တယ်။ ၎င်းတို့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ တက်ကြွလှုပ်ရှားမှုတွေက အုပ်ချုပ်မှုပုံစံသစ်ကို ပုံသွင်းရန် ကူညီပေးပါတယ်။

အလားတူဖြစ်စဉ်တွေကို ဆူဒန်၊ ဆီးရီးယား၊ လစ်ဗျား၊ ယီမင်နဲ့ ဆိုမာလီယာမှာ မြင်တွေ့ရပါ တယ်။ နယ်မြေသိမ်းပိုက်မှုက လုံလောက်တယ်ဆိုတာကို မြန်မာစစ်တပ်က လောင်းကြေးထပ်နေပါ တယ်။ ထိုအိပ်မက်ဟာ ဘယ်တုန်းကမှ မဖြစ်ခဲ့သလို ဘယ်တော့မှ ဖြစ်မလာပါဘူး။ မြန်မာပြည်၏ စစ် မှန်သော အနာဂတ်ကို ကရင်နီလို နေရာမျိုးတွင် တိတ်တဆိတ် လက်တွေ့ကျကျ တည်ဆောက်နေပါ တယ်။

စိန်ခေါ်မှုမှာ အနာဂတ်မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေးပုံစံများ ပါဝင်မှုကို ကမ္ဘာက လက်ခံမလားဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဗန်ကောက်ပို့စ်သတင်းစာပါ ဆောင်းပါးရှင် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်ဟောင်း၊ မြန် မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှု ညှိနှိုင်းရေးမှူးဟောင်း Sir Charles Petrie Bt, OBE ရဲ့ Solving the conflict in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ထားပါတယ်။