
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ပြီးခဲ့တဲ့အပတ် Gen Z တွေရဲ့ ဆန္ဒပြပွဲတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေ နတ်အလက် ၁၁၀၀ ကျော် လုယက်ခံခဲ့ရတယ်လို့ နီပေါရဲတပ်ဖွဲ့က ပြောပါတယ်။
စက်တင်ဘာလ ၈ ရက်မှာ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို နီပေါအစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့ရာ ဆန္ဒပြသူတွေက ရဲစခန်းတွေ၊ ရုံးတွေကို တိုက်ခိုက်ပြီး မီးရှို့ကာ လက်နက်အမျိုးမျိုးကို လုယက်ခဲ့တာပါ။
နီပေါနိုင်ငံတစ်ဝှမ်း ရဲစခန်းနဲ့ တန်းလျား ၄၅၅ ခု ပျက်စီးခဲ့ပြီး လက်နက်မျိုးစုံ ၁၁၀၀ ကျော် လု ယက်ခံခဲ့ရတယ်လို့ ရဲအရာရှိတစ်ဉီးက ပြောပါတယ်။
ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေအတွင်း ရဲတပ်ဖွဲ့ဝင်သုံးဉီး သေဆုံးကာ ၁၉၆၃ ဉီး ဒဏ် ရာရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၉၃၉ ဉီး ဆေးရုံမှဆင်းကာ ၂၄ ဉီး ဆေးကုသမှုခံယူနေရဆဲလို့ သိရပါတယ်။
ဆန္ဒပြပွဲတွေကြောင့် အရပ်သား ၇၀ သေဆုံးခဲ့ပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ကာ လွှတ်တော်၊ တရားရုံး ချုပ်၊ သမ္မတရုံး၊ ဝန်ကြီးချုပ်နေအိမ်နဲ့ရုံးတွေ တိုက်ခိုက်ခံခဲ့ရပါတယ်။
အသေးစိတ် အကဲဖြတ်မှုတွေ ဆောင်ရွက်ဆဲဖြစ်ပြီး ဆန္ဒပြပွဲတွေကြောင့် ရူပီး ဘီလီယံချီတဲ့ ဆုံး ရှုံးမှုတေွ ဖြစ်စေခဲ့တယ်လို့ သိရပါတယ်။
နီပေါအာဏပိုင်တွေဟာ လုယက်ခံရတဲ့ လက်နက်တွေ ပြန်လည်ရရှိဖို့ ကြိုးပမ်းနေပြီး စုံစမ်းစစ် ဆေးမှုတွေ ဆက်လုပ်နေပါတယ်။
ကိုးကား – The Kathmandu Post
Ref; Over 1,100 police weapons looted in Gen Z violence