ဧရာ၀တီတိုင်းမ်
(ရန်ကုန်)၊ စက်တင်ဘာ ၁၇ ရက်

 

ရန်ကုန်တိုင်း၊ လသာမြို့နယ်တွင် ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် တိုက်ပေါ်မှ ပြုတ်ကျ ခဲ့သည့် အမျိုးသားတစ်ဦးကို မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၁ နာရီ ၅၈ မိနစ်ခန့်က မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ ဂမုန်းပွင့် အဆောက်အအုံပေါ်သို့ လူတစ်ဦး ပြုတ်ကျနေကြောင်း သိရ၍ ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်ဖြင့် ထွက်ခွာ ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။

 

တိုက်ပေါ်မှ ပြုတ်ကျနေသူ အမျိုးသားမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိကြောင်းနှင့် နံနက် ၂ နာရီ ၃၀ မိနစ်တွင် ကယ်ဆယ်နိုင်ခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

ဓာတ်ပုံ-မီးသတ်ဦးစီးဌာန
ပုံစာ-တိုက်ပေါ်မှ ပြုတ်ကျသည့် အမျိုးသားအား ကယ်တင်နေစဉ်