
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်
နေတိုးအဖွဲ့ပိုင်နက်နဲ့ ပြည်သူတွေကို ရုရှားဒရုန်းတွေရဲ့ရန်မှ ကာကွယ်ပေးဖို့ ယူကရိန်းမှာ လေ ယာဉ်မပျံသန်းရဇုန်တစ်ခု သတ်မှတ်ဖို့ နေတိုးအဖွဲ့က စဉ်းစားသင့်တယ်လို့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး ရာဒေါ့စ်လောဆီကော်စကီးက ပြောပါတယ်။
ပြီးခဲ့တဲ့အပတ်က ပိုလန်လေပိုင်နက်အတွင်း ရုရှားဒရုန်းတွေ ကျူးကျော်လာပြီးနောက် သူက အ ခုလို မှတ်ချက်ပြုတာပါ။ နေတိုးအဖွဲ့ရဲ့ ဂျက်တိုက်လေယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် တွေက ရုရှားဒရုန်းတွေကို ပစ်ချခဲ့ပါတယ်။
“နေတိုးအဖွဲ့နဲ့ ဉရောပသမဂ္ဂကသာ အခုလို လုပ်ဆောင်နိုင်မှာပါ။ ပိုလန်တစ်နိုင်ငံတည်း ချမှတ် နိုင်တဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ မဟာမိတ်တွေနဲ့သာ အဲဒီဆုံးဖြတ်ချက်ကို ချမှတ်နိုင်မှာပါ” လို့ ၎င်းက ဂျာမနီသတင်းစာတစ်စောင်ကို ပြောပါတယ်။
“ကျွန်တော်တို့ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ ပိုင်နက်ကိုကျော်လွန်နိုင်တဲ့ တိုက်ခိုက် ရေးဒရုန်းတွေ ရှိရပါမယ်” လို့ သူက ဆိုပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးမကြာမီ ယူကရိန်းသမ္မတ ဇီလန်စကီးက လေယာဉ်မပျံသန်း ရဇုန်တစ်ခု သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဂျိုးဘိုင်ဒင်အစိုးရလက်ထက်မှာ အဆိုပါကိစ္စကို ဆွေးနွေးခဲ့ပေမယ့် ရုရှားနိုင်ငံနဲ့ တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ပယ်ချခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပိုလန်ပိုင်နက်အတွင်း ရုရှားဒရုန်း (၁၆) စင်း ကျူးကျော်ဝင်ရောက်ခဲ့တယ် လို့ ပိုလန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ပိုလန်နဲ့ဒတ်ချ် ဂျက်တိုက်လေယာဉ်တွေဟာ အီတလီ၊ ဂျာမနီနဲ့ နေတိုးနိုင်ငံစုံတပ်ဖွဲ့ရဲ့ အကူအ ညီနဲ့ ရုရှားဒရုန်းတွေကို ကြားဖြတ်ဟန့်တားကာ ပစ်ချခဲ့ပါတယ်။
ကိုးကား – CNN
Ref; NATO should impose no-fly zone over Ukraine to protect against Russian drones, Poland says