ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၇ ရက်

ပိုလန် ကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းတပ်ဖွဲ့တွေနဲ့အတူ ပူးတွဲ ဒရုန်းတိုက်ဖျက်ရေး လေ့ကျင့်မှုတွေ ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။

ရုရှားဒရုန်းတွေ ပိုလန်လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ပြီးနောက် အခုလို ဆုံးဖြတ် လိုက်တာဖြစ်ပြီး ဒရုန်းတိုက်ဖျက်ရေး လေ့ကျင့်မှုတွေကို ပိုလန်နိုင်ငံမှာ ပြုလုပ်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ညပိုင်းမှ ဗုဒ္ဓဟူးနေ့အထိ တိုင်းပြည်လေပိုင်နက်အတွင်း ရုရှားဒရုန်း ၁၉ စင်း ကျူးကျော်မှုဖြစ်ခဲ့တယ်လို့ ပိုလန်အာဏာပိုင်တွေက ပြောပါတယ်။

“နေတိုးအဖွဲ့မှာ ပက်ထရီးယော့ဒုံးခွင်းစနစ်၊ အခြားဒုံးခွင်းစနစ်နဲ့ အင်အားပြင်း ဂျက်တိုက်လေ ယာဉ်တွေ ရှိပါတယ်” လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

ပိုလန်နိုင်ငံမှ စစ်ဘက်ကိုယ်စားလှယ်အဖွဲ့ ကြာသပတေးနေ့မှာ ယူကရိန်းသို့ လာရောက်မယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရေဆိုင်ဘီဟာက ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံကြား ဒရုန်းတိုက်ဖျက်ရေး အစီအမံတွေမှာ ပူးပေါင်းဆောင်ရွက်မယ်လို့ ၎င်းက အရိပ်အ မြွက်ပြောကြားခဲ့ပါတယ်။

ပိုလန်နဲ့ ဘောလ်တစ်သုံးနိုင်ငံအပါအဝင် ရုရှားနဲ့ကပ်လျက်ရှိတဲ့ ဥရောပအရှေ့ပိုင်းရှိ အဖွဲ့ဝင်နိုင် ငံတွေမှာ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ ဖြန့်ကြက်ထားမှု တိုးမြှင့်သွားမယ်လို့ နေတိုးအဖွဲ့က ကြေညာခဲ့ပါတယ်။

ကိုးကား – NHK
Ref; Poland, Ukraine to conduct joint drills to counter airspace violations by drones