ဧရာ၀တီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

ဧရာဝတီတိုင်း၊ အိမ်မဲမြို့တွင် လစဥ်စစ်မှုထမ်း သင်တန်းသားများပေးပို့ရာတွင် တောင်းသည့်အရေအတွက် မပေးနိုင်သောကြောင့် မြို့နယ်စစ်ကောင်စီက အုပ်ချုပ်ရေးမှူးများကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးဆိုသူမှ စစ်မှုထမ်းသင်တန်းပေးပို့ရန် လူမရှာနိုင်ပါက ရပ်ကွက်နှင့်ကျေးရွာများတွင် ငွေကောက်ခံကာ လူ၀ယ်ရန်အတွက်စီစဥ်ပေးမည်ဖြစ်ကြောင်း ​လူဦးရေပြည့်အောင်ပေးရန် သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

“ရွာတွေမှာလည်း လူငယ်တွေကမလိုက်ခြင်တော့ စာရင်းပါရင်ထွက်ပြေးကြတာများတယ်။ ငွေကောက်ပြီးလူအစာထိုးဖို့ ကြတော့ သိန်းတစ်ရာလောက်ပေါက်နေတော့ခက်ခဲကုန်ရော”ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။

အိမ်မဲမြို့နယ် ကျေးရွာအချို့တွင် စစ်မှုထမ်းအစားထိုးရန် ယခင်က လစဉ် နှစ်သောင်းကောက်ယူနေရာမှယခု အောက်တိုဘာလမှစတင်ပြီး ငါးသောင်းအထိ တိုးမြှင့်ကောက်ခံနေကြောင်းသိရှိရသည်။

စစ်ကော်မရှင်သည် ဧရာ၀တီတိုင်းအတွင်းမှ နည်းလမ်းမျိုးစုံဖြင့် စုဆောင်းဖမ်းဆီးထားသည့် လူငယ်များကို စက်တင်ဘာ၁၅ရက်နေ့က စစ်မှုထမ်းအပါတ်စဥ် ၁၇ အဖြစ်သင်တန်းစတင်ခဲ့သည်။

ယခင်စစ်မှုထမ်းသင်တန်းတက်ရောက်ပြီး ရှေ့တန်းသို့ပို့ဆောင်ရာတွင် သေဆုံးမှုများရှိလာသဖြင့် ထွက်ပြေးတိမ်းရှောင်သူ များလာသောကြောင့် ရပ်ကွက်နှင့်ကျေးရွာများတွင် အကြောင်းမကြားပဲ ခေါ်ယူခံရသူများနှင့် ငွေယူပြီးလူစားထိုးခံရသူများပြားလာသည်။