
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
ပြီးခဲ့တဲ့အပတ်အတွင်း ကာတာနိုင်ငံမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟုက သူ့ကို ကြိုတင် အကြောင်းမကြားခဲ့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ပြောကြားလိုက်ပါတယ်။
နေတန်ယာဟုက တိုက်ခိုက်မှုမတိုင်မီ အမေရိကန်သမ္မတကို အကြောင်းကြားခဲ့တယ်လို့ အမေရိ ကန်မီဒီယာတစ်ခုက ဖော်ပြပြီးနောက် သူက အခုလို မှတ်ချက်ပြုတာပါ။
ဒုံးကျည်တွေ လေထဲရောက်မှသာ အကြောင်းကြားခဲ့လို့ ဒေါ်နယ်ထရမ့်က တိုက်ခိုက်မှုကိုကန့် ကွက်ဖို့ အခွင့်အရေးမရတော့ဘူးလို့ အမေရိကန်အစိုးရက ပြောပါတယ်။
အစ္စရေးဟာ အင်္ဂါနေ့က ကာတာနိုင်ငံမှာ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ပြီး ဟား မာစ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို သုတ်သင်ဖို့ ကြိုးပမ်းခဲ့ရာ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခ အရှိန်မြှင့်လာခဲ့ပါတယ်။
အစ္စရေးနိုင်ငံရဲ့ ကာတာနိုင်ငံကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ချက်မှာ သူမပါခဲ့ဘူးလို့ ဒေါ်နယ်ထရမ့်က အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ကာတာနိုင်ငံရှိ ဟားမာစ်ခေါင်းဆောင်တွေကို အစ္စရေးက တိုက်ခိုက်မယ့်အကြောင်း နေတန်ယာ ဟုက တိုက်ရိုက် အကြောင်းကြားခဲ့ခြင်း ရှိ မရှိ မေးမြန်းရာမှာ “သူတို့ ကျွန်တော့်ကို အကြောင်းမကြားခဲ့ ပါဘူး” လို့ ဒေါ်နယ်ထရမ့်က ဖြေကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ အစ္စရေးနဲ့ ကာတာတို့ရဲ့ မဟာမိတ်ဖြစ်ပြီး ဂါဇာ အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက်ရဖို့ ကြိုးပမ်းရာမှာ ကာတာနိုင်ငံက ကြားဝင်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Trump says he was not informed by Netanyahu before Israel’s strike in Qatar