
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်
ဧရာ၀တီတိုင်း၊ကြံခင်မြို့နယ်၊ ဘက်ရဲမြို့တွင် လောင်းကစားဝိုင်းများကို ရဲစခန်းမှ ရဲအုပ်တစ်ဦးမှ ဦးဆောင်ပြီးပြုလုပ်နေကြောင်း ဒေသခံများမှ သိရသည်။
ဘက်ရဲနယ်မြေရဲစခန်းမှ ရဲအုပ်စိုးလွင်မှ ဂျင်ဝိုင်းများကို ဦးဆောင်ပြုလုပ်နေပြီးမြို့အ၀င်ဆိုင်းဘုတ်နားရှိ ခြံဝန်းအတွင်းတွင် လောင်းကစားပွဲများစွာကို တာ၀န်ယူထားကြောင်းသိရသည်။
“ရဲစခန်းက တာ၀န်ယူထားတော့အနယ်နယ်က လောင်းကစားသမားတွေ မြို့ကိုလာကစားကြတာပေါ့”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ အဂ်ပူမြို့နယ်၊ ပုသိမ်မြို့နယ်အပါအဝင် အချို့မြို့နယ်တို့တွင်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်နေကြောင်း ဧရာဝတီတိုင်းမ်သတင်းဌာနက သတင်းရေးသားဖော်ပြခဲ့ပြီးဖြစ်သည်။
ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ရဲများက အရပ်သားများကို မတရားပုဒ်မတပ်ကာဖမ်းဆီး အကြပ်ကိုင် ငွေညှစ်ခြင်း၊ လောင်းကစား ဝိုင်းနှင့် နှစ်လုံး၊သုံးလိုင်းဒိုင်များကိုငွေတောင်းပြီး ခွင်ပြုပေးခြင်း၊၊ မူးယစ်ဆေး ရောင်းခြင်း၊ သယ်ယူပေးခြင်းတို့ကို လုပ်ဆောင်နေသောကြောင့် တရားဥပေဒ စိုးမိုးမှု ကင်းမဲ့လာကြောင်း ဒေသခံများကဝေဖန်ပြောဆိုကြသည်။