ယင်းမာပင်ခရိုင်အတွင်းရှိ PDF သုံးဖွဲ့ကို မလေးရှားနိုင်ငံမှ ကိုနေရိုင်း (ခ) ကိုမုဆိုးနဲ့ အလှူရှင်များက သိန်းတစ်ထောင်ကျော်တန်ဘိုးရှိ လက်နက်မျိုးစုံ လှူဒါန်း

ကိုကိုလေး/ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းရှ်ိ ဒေသကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ကို မလေးရှားနိုင်ငံ ကိုနေရှိုင်း အလှူရှင်များအဖွဲ့မှ သိန်းတစ်ထောင်ကျော်တန်ဘိုးရှိ လက်နက်၊ ကျည်ဆံ၊ မိုင်းများကို ဒီကနေ့ ​စက်တင်ဘာလ ၂ ရက်နေ့ မှာ လှူဒါန်လိုက်ကြောင်း UFM တပ်ဖွဲ့ထံကသိရသည်။

အဆိုပါလှူဒါန်းလိုက်သည့် ပွိုင့် 22 စနိုက်ဘာ ၁ လက်အပါဝင်

သေနတ် ၅ လက်၊ TNTမိုင်း၊ နင်းမိုင်း၊ အဝေးထိန်းခလုတ် ၂၀ခု၊ လက်ပစ်ဗုံး၊ TNTအသေး၊ ကျည်ဆံ ၄၀၀၀ ကျော် တို့ကို လှူဒါန်းလိုက်ခြင်းဖြစ်သည်။

“ဒီနေ့ပဲရောက်ရှိတာပါ မလေးရှာမှာနေတဲ့ ကိုနေရှိုင်း( ခ) ကိုမုဆိုးနဲ့အဖွဲ့ အလှူရှင်တွေက လှူဒါန်းတာပါ။ လက်နက်နဲ့ အခြားပစ္စည်းတွေလဲ အများကြီးပို့လိုက်တာပါ။ တစ်ခြားလှူဒါန်နေတဲ့အလှူရှင်တွေလဲ သူကိုလှူဒါန်းစေချင်တယ်။ ခုဆို လက်နက်တွေရတော့ ကျွန်တော်တို့အရမ်းဝမ်းသာရတယ် ဗျာ” လို့ ယင်းမာပင်ခရိုင်တပ်ရင်း(၁၆)၊အထူးကွန်မန်တိုအဖွဲ့ Unity Force

Monywa တပ်ဖွဲ့မှ ဗိုလ်အောက်စွဲ က ဧရာဝတီတိုင်းမ်ကိုပြောသည်။

၎င်း အလှူရှင်များ လှူဒါန်းလိုက်သည့် PDF တပ်ဖွဲ့သုံးဖွဲ့မှာ

Unity Force Monywa နှင့် CHINDWIN REVOLUTIONARY FIGHTERS၊ LPDF ဒေါင်းမင်း အဖွဲ့တို့ဖြစ်ကြပြီး အဆိုပါ အလှူရှင်များဟာ နှစ်ကြိမ်လှူဒါန်းမှုရှ်ိပြီ ဖြစ်တယ် လို့ ဗိုလ်အောက်စွဲကပြောသည်။

ရုပ်သံ-ပေးပို့

#Ayeyarwaddy_Times