အာဂျင်တီးနား ဒုသမ္မတကို လုပ်ကြံသော်လည်း သေနတ်ကျည်မထွက်သောကြောင့် အသက်ဘေးမှလွတ်မြောက်

ဧရာဝတီတိုင်းမ်

စက်တင်ဘာလ ၂ ရက်

အာဂျင်တီးနား ဒုတိယသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်ကို လူတစ်ဦးက သေနတ်ဖြင့် လုပ်ကြံခဲ့ပေမယ့် ကျည်မထွက်သောကြောင့် အသက်ဘေးမှလွတ်မြောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီကနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုဟာ အာဂျင်တီးနားနိုင်ငံတွင်သာမက ကိုလံဘီယာနဲ့ ဘရာဇီးအထိ ဒေ သတွင်း၌ နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာတာကို မီးမောင်းထိုးပြနေပါတယ်။

“လူတစ်ဦးက ဒုတိယသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်ရဲ့ခေါင်းကို သေနတ်နဲ့ချိန်ရွယ်ပြီး ပစ်ခတ်ပေမယ့် ကျည်မထွက်တာကြောင့် အသက်အန္တရာယ်မရှိခဲ့ပါဘူး” လို့ အာဂျင်တီးနားသမ္မတ အယ်လ်ဘာတိုဖာနန်ဒက်ဇ်က ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း ပြောကြားပါတယ်။

သေနတ်ထဲတွင် ကျည်ငါးတောင့်ထည့်ထားပြီး ဒီတိုက်ခိုက်မှုဟာ အာဂျင်တီးနားနိုင်ငံက ဒီမိုကရေစီလမ်း ကြောင်းပေါ် ပြန်လျှောက်လှမ်းချိန်နောက်ပိုင်း ကြောက်မတ်ဖွယ်ရာ အကောင်းဆုံးဖြစ်ရပ်လို့ သမ္မတ အယ်လ်ဘာ တိုက ဆိုပါတယ်။

ခရစ္စတီးနားဖာနန်ဒက်ဇ်ဟာ အကျင့်ပျက်ချစားမှုစွဲချက်တွေကြောင့် တရားရင်ဆိုင်နေပြီး တိုက်ခိုက်မှု ဖြစ်ပွားချိန်မှာ ဗျူနိုအေးရိစ်မြို့တော်က သူမရဲ့နေအိမ်အပြင်ဘက်မှာ ရာနဲ့ချီတဲ့ ထောက်ခံသူတွေ စုရုံးနေခဲ့တာ ပါ။

ခရစ္စတီးနားဖာနန်ဒက်ဇ်က ထောက်ခံသူတွေကို နှုတ်ဆက်နေချိန်မှာ ပစ္စတိုသေနတ်တစ်လက် ကိုင် ဆောင်ထားတဲ့ လူတစ်ဦးက သူမရဲ့ဦးခေါင်းကိုချိန်ရွယ်ပြီး ပစ်ခတ်ဖို့ကြိုးပမ်းပုံကို ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါ တယ်။

လုပ်ကြံသတ်ဖြတ်သူလို့ အာဏာပိုင်တွေကပြောတဲ့ အသက် ၃၅ နှစ်အရွယ် ဘရာဇီးနွယ်ဖွား အမျိုးသား တစ်ဦးကို ရဲတပ်ဖွဲ့က ချက်ချင်း ဖမ်းဆီးကာ လက်နက်ကို သိမ်းဆည်းခဲ့ပါတယ်။

၂၀၀၇ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့တဲ့ ခရစ္စတီးနားဖာနန် ဒက်ဖ်က အာဂျင်တီးနားနိုင်ငံမှာ ထင်ရှားသောပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

ကိုးကား – Brisbane Times

Ref; Assassination attempt on Argentina’s vice president fails after gun doesn’t fire