ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ရုရှားဒရုန်းတွေ ပိုလန်နိုင်ငံတွင်း သံသယဖြစ်ဖွယ် ကျူးကျော်ပြီးနောက် နေတိုးပိုင်နက် တစ် လက်မတိုင်းကို ကာကွယ်မယ်လို့ အမေရိကန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောပါတယ်။

“အမေရိကန်နိုင်ငံဟာ လေကြောင်းပိုင်နက် ချိုးဖောက်မှုတွေကို ရင်ဆိုင်ရာမှာ နေတိုးမဟာမိတ် တွေနဲ့ အတူရပ်တည်ပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ယာယီသံအမတ်ကြီး ဒိုရိုသီရှီယာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလက်စကားပြည်နယ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ တွေ့ဆုံပြီးနောက်ပိုင်း ရုရှားက ယူကရိန်းအပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြှင့်ခဲ့တယ်လို့ ၎င်းက ဆို ပါတယ်။

ပိုလန်နိုင်ငံဟာ နေတိုးမဟာမိတ်တွေရဲ့ တိုက်လေယာဉ်တွေ ထောက်ပံ့မှုနဲ့ စက်တင်ဘာလ ၁၀ ရက်မှာ လေပိုင်နက်ထဲ ကျူးကျော်လာတဲ့ ရုရှားဒရုန်းတွေကို ပစ်ချခဲ့ပါတယ်။

ဒရုန်းတွေ ကျူးကျော်မှုဖြစ်တဲ့အချိန်မှာ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းကို တိုက်ခိုက်နေပြီး ပို လန်နိုင်ငံရှိ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ ရုရှားက ပြောပါတယ်။

“ပိုလန်ပိုင်နက်အတွင်း တိုက်ခိုက်မယ့်ပစ်မှတ်တွေ မရှိခဲ့ပါဘူး။ ဒရုန်းတွေ အများဆုံးရောက်ရှိနိုင် တာ ကီလိုမီတာ ၇၀၀ မကျော်တာကြောင့် ပိုလန်ပိုင်နက်ထဲ ရုရှားဒရုန်းတွေ ရောက်ရှိဖို့ဆိုတာ မဖြစ်နိုင် ပါဘူး” လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗစ်ဆီလီနီဘန်ဇီယာက ပြောပါတယ်။

ပိုလန်နိုင်ငံက တင်းမာမှုတွေ လျှော့ချဖို့ အမှန်တစ်ကယ် စိတ်ဝင်စားပါက ရုရှားနိုင်ငံက ပိုလန်နဲ့ စကားပြောဆိုဖို့ ဆန္ဒရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ရုရှားဒရုန်းတွေ ပိုလန်ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တာကို စိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံက စက်တင်ဘာလ ၁၂ ရက်မှာ အနောက်မဟာမိတ်တွေနဲ့ ပူးတွဲကြေညာချက်တစ်ရပ်မှာ ပြောကြား ခဲ့ပြီး ရုရှားဟာ အပြည်ပြည်ဆိုင်ရာဥပဒေနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်ကို ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲလိုက်ပါ တယ်။

ကိုးကား – Reuters
Ref; US vows to defend Nato territory after suspected Russian drone incursion in Poland