ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၄ ရက်

ယခုနှစ် ဇွန်လနောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပါကစ္စတန်နိုင်ငံတစ်ဝှမ်း ရေကြီး ရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာ လူ ၉၆၀ ကျော် သေဆုံးခဲ့ပြီး ပန်ဂျပ်ပြည်နယ်မှာ လူ ၂ ဒသမ ၆ သန်းကို ဘေး လွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ယခုနှစ် မိုးရာသီမှာ မိုးသည်းထန်စွာ ရွာသွန်းမှုဟာ ဇွန်လအတွင်း စတင်ခဲ့ရာ ရေကြီးရေလျှံမှု တွေ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သောသုံးလအတွင်း ပန်ဂျပ်ပြည်နယ်မှာ မိုးရာသွန်းမှုဟာ ယမန်နှစ်ထက် ၃၆ ရာ ခိုင်နှုန်း ပိုများခဲ့ပါတယ်။

စနေနေ့အထိ ရေဘေးကြောင့် ပန်ဂျပ်ပြည်နယ်မှာ လူ ၂၇၅ ဉီး သေဆုံးတာ အပါအဝင် ပါကစ္စတန်နိုင်ငံတစ်ဝှမ်း လူ ၉၆၃ ဉီး သေဆုံးခဲ့ကြောင်း ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ စပါးကျီတစ်ခုဖြစ်တဲ့ မူလ်တန်မြို့မှာ ရေဘေးသင့်ခဲ့ပြီး နေအိမ်တွေ၊ လယ်ယာ တွေ ပျက်စီးကာ ရေဘေးသင့်ပြည်သူတွေဟာ လက်ရှိမှာ ယာယီတဲတွေမှာ နေထိုင်နေရပါတယ်။

မုတ်သုံမိုးကြောင့် ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေဟာ ရာသီဥတုပြောင်းလဲမှုကို ပိုဆိုးစေခဲ့တယ် လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ပါကစ္စတန်အစိုးရက ရေဘေးသင့်ပြည်သူတွေကို သောက်သုံးရေနဲ့ အစားအစာတွေ ဖြန့်ဝေနေ ပြီး ကုလသမဂ္ဂက ပါကစ္စတန်နိုင်ငံသို့ ရေဘေးအကူအညီ ဒေါ်လာ ၅ သန်း ထောက်ပံ့ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Pakistan floods kill over 960 people, over 2.6 million forced to evacuate