
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
ထိရှလွယ်သော ထိုင်ဝမ်ရေလက်ကြားမှ အမေရိကန်နဲ့ဗြိတိန်စစ်သင်္ဘောတွေ ဖြတ်သန်းမောင်း နှင်တာကို တရုတ်စစ်တပ်က ရှုတ်ချခဲ့ပြီး စစ်သင်္ဘောတွေကို စောင့်ကြည့်ကာ သတိပေးဖို့ ရေတပ်နဲ့ လေ တပ်ဖွဲ့ကို အမိန့်ပေးခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန်ဖျက်သင်္ဘော USS Higgins နဲ့ ဗြိတိန်ဖရီးဂိတ်သင်္ဘော HMS Richmond တို့ဟာ ပြ ဿနာဖန်တီးနေပြီး ရန်စနေတယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။
“အမေရိကန်နဲ့ဗြိတိန်ရဲ့ လုပ်ရပ်တွေဟာ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေပါတယ်” လို့ တရုတ်စစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
နိုင်ငံတကာဥပဒေနဲ့အညီ လွတ်လပ်သော ရေကြောင်းမောင်းနှင်ခွင့်အရ ထိုင်ဝမ်ရေလက်ကြားမှ ပုံမှန်အတိုင်း ဖြတ်သန်းမောင်းနှင်တာလို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း ကနေဒါနဲ့သြစတြေးလျမှ စစ်သင်္ဘောနှစ်စင်းဟာ ထိုင်ဝမ်ရေလက်ကြားမှ မောင်းနှင်ခဲ့ပါတယ်။
အမေရိကန်ရေတပ်နဲ့ ကနေဒါ၊ ဗြိတိန်ဦ ပြင်သစ်မှ စစ်သင်္ဘောတွေဟာ နိုင်ငံတကာရေလမ်း ကြောင်းလို့ သတ်မှတ်ထားတဲ့ ထိုင်ဝမ်ရေလက်ကြားမှ တစ်လလျှင် တစ်ကြိမ် မောင်းနှင်လေ့ရှိပါတယ်။
မဟာဗျူဟာမြောက် ထိုင်ဝမ်ရေလက်ကြားဟာ သူ့ပိုင်နက်လို့ တရုတ်နိုင်ငံက ပြောပေမယ့် ထိုင် ဝမ်အစိုးရက အဆိုပါပြောဆိုချက်ကို ပယ်ချထားပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့သောငါးနှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခြင်း အားဖြင့် ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှု တိုးလာခဲ့ပါတယ်။
ကိုးကား – Reuters
Ref; China condemns sailing of US, British warships through Taiwan Strait