
စစ်ကောင်စီက ဗြိတိန်သံအမတ်ဟောင်းနဲ့ခင်ပွန်းသည်ကို ထောင်ဒဏ်တစ်နှစ်စီ ပြစ်ဒဏ်ချ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
မြန်မာစစ်ကောင်စီက ဗြိတိန်သံအမတ်ဟောင်းနဲ့ သူမရဲ့ခင်ပွန်းတို့ကို လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းတွေ ချိုးဖောက်သည်ဟုဆိုကာ ယနေ့ ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချလိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းသည် ထင်ရှားသော မြန်မာအနုပ ညာရှင် ကိုထိန်လင်းတို့ကို ထောင်ဒဏ်တစ်နှစ်စီ ချမှတ်လိုက်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းသည်တို့ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက် တယ်လို့ဆိုကာ သြဂုတ်လ ၂၅ ရက်က ဖမ်းဆီးခဲ့တာပါ။
ဗစ်ကီဘိုးမန်းက တာဝန်ခံမှုရှိသော စီးပွားရေးဆိုင်ရာ မြန်မာစင်တာ (MCRB) ကို ဦးဆောင်လုပ်ကိုင် နေပြီး ခင်ပွန်းသည် ကိုထိန်လင်းကတော့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပါတယ်။
မြန်မာစစ်တပ်အတွက် လက်နက်နဲ့ဝင်ငွေရရှိရေး လမ်းကြောင်းတွေကို ကန့်သတ်တဲ့ကြိုးပမ်းမှုအဖြစ် စစ်တပ်နဲ့ဆက်နွှယ်တဲ့ စီးပွားရေးလုပ်ငန်းအချို့ကို ဗြိတိန်နိုင်ငံက ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ပြီးနောက် ဗစ်ကီဘိုးမန်းနှင့်ခင်ပွန်းသည်တို့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
“ကျွန်မတို့ ရိုဟင်ဂျာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး ကြောက်မတ်ဖွယ်ရာ လူမျိုးသုဉ်းရှင်းလင်းမှုတွေ ပြု လုပ်နေတဲ့ မြန်မာစစ်တပ်ကို ရှုတ်ချပါတယ်” လို့ ဗြိတိန်အစိုးရ အာရှရေးရာဝန်ကြီး အာမန်ဒါမေးလင်းက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ကိုးကား – AFP/AlJazeera
Ref; Myanmar junta jails former UK envoy for one year: Diplomatic source