
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်အပေါ် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီလို့ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ပြောကြားခဲ့ပေမယ့် ယူကရိန်းစစ်ပွဲကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ပြုလုပ်ဖို့ ခြိမ်း ခြောက်တာကို ရပ်တန့်လိုက်ပါတယ်။
ပူတင်အပေါ် သည်းခံမှု ကုန်ဆုံးသွားပြီလားဟု မေးမြန်းရာမှာ “ဟုတ်ပါတယ်။ ကျွန်တော် သူ့အ ပေါ် သည်းခံမှု ကုန်ဆုံးသွားပြီ” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ပူတင်နဲ့ ကောင်းမွန်သော ဆက်ဆံရေး ရှိခဲ့ပေမယ့် ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး မအောင်မြင် လို့ စိတ်ပျက်မိတယ်လို့ Fox News နဲ့ အင်တာဗျူးမှာ ၎င်းက ပြောပါတယ်။
ရုရှားဘဏ်တွေ၊ ရေနံလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့တာနဲ့ စည်းကြပ်ခွန်သတ်မှတ်ဖို့ လုပ် ဆောင်လို့ရပေမယ့် ဥရောပတိုင်းပြည်များလည်း ပါဝင်ဖို့လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။
ရုရှားမှ ရေနံအများဆုံးဝယ်ယူတဲ့ တိုင်းပြည်တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ အမေရိကန်နိုင်ငံသို့ တင်ပို့တဲ့ကုန်စည်တွေအပေါ် ၅၀ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်ခံတာ ရင်ဆိုင်နေရတယ်လို့ ၎င်းက ထောက်ပြပါတယ်။
“ဒီလိုလုပ်ဖို့ လွယ်ကူတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒါဟာ ကြီးမားတဲ့ သဘောတူညီချက် တစ်ရပ်ဖြစ်ပြီး အိန္ဒိယကို စိတ်ဝမ်းကွဲမှု ဖြစ်စေပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
ရုရှားနဲ့ယူကရိန်းက စစ်ပွဲကို ရပ်တန့်ပြီး ငြိမ်းချမ်းရေး အမြန်ဆုံးရရှိအောင် ကြိုးပမ်းကြဖို့ ၎င်းက တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – Reuters
Ref; Trump says his patience with Putin is running out