
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်
ဆွီဒင်နိုင်ငံက လာမယ့်နှစ်နှစ်အတွင်း ယူကရိန်းနိုင်ငံသို့ ဒေါ်လာ ၇ ဒသမ ၇၄ ဘီလီယံတန်ကြေး ရှိ စစ်ရေးအကူအညီ ပေးအပ်သွားမှာဖြစ်ပြီး လိုအပ်ပါက ပိုလန်နိုင်ငံကို ကူညီဖို့ အဆင်သင့်ရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ပေါလ်ဂျွန်ဆင်က ပြောပါတယ်။
စစ်ရေးအကူအညီအများစုကို ရုရှားနဲ့စစ်ပွဲမှာ ယူကရိန်းတပ်ဖွဲ့တွေ အသုံးပြုနေတဲ့ လက်နက် ကြီးစနစ် ဝယ်ယူဖို့ သုံးစွဲမယ်လို့ သိရပါတယ်။
ဆွီဒင်နိုင်ငံက ပိုလန်နဲ့ အတူရပ်တည်ခဲ့ကြောင်း၊ လိုအပ်ပါက ပိုလန်သို့ စစ်ရေးအကူအညီပေးဖို့ အဆင်သင့်ရှိကြောင်း ရုရှားဒရုန်းတစ်စင်း ပိုလန်နိုင်ငံထဲ ကျူးကျော်ဝင်ရောက်ပြီးနောက် ဂျွန်ဆင်က သ တင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ပိုလန်က လိုအပ်ရင် စစ်ရေးအကူအညီပေးဖို့ ကျွန်တော်တို့ ပိုလန် ကာကွယ်ရေးဝန်ကြီးနဲ့ ချက် ချင်း ဆက်သွယ်ခဲ့ပါတယ်။ ဘယ်လို အကူအညီမျိုးကိုမဆို နေတိုးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်မှာပါ” လို့ ၎င်းက ဆိုပါတယ်။
“ရုရှားဒရုန်း ကျူးကျော်ဝင်ရောက်တာခံရတဲ့ ပိုလန်နိုင်ငံနဲ့ ကျွန်တော်တို့ အပြည့်အဝ အတူရပ် တည်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။
နေတိုးမဟာမိတ်တွေက ပံ့ပိုးကူညီထားတဲ့ ပိုလန်နိုင်ငံဟာ စက်တင်ဘာလ ၁၀ ရက်က လေပိုင် နက်ထဲ ကျူးကျော်လာတဲ့ သံသယဖြစ်ဖွယ်ရာဒရုန်းတွေကို ပစ်ချခဲ့ပါတယ်။
ရုရှားနိုင်ငံက အဆိုပါဖြစ်စဉ်မှာ တာဝန်မရှိဘူးလို့ ငြင်းဆန်ခဲ့ပြီး ပိုလန်နိုင်ငံရှိ ရုရှား အကြီးတန်း သံတမန်တစ်ဉီးက ဒရုန်းတွေဟာ ယူကရိန်းဘက်မှလာတာလို့ ပြောဆိုခဲ့ပါတယ်။
ရုရှားဒရုန်းတွေဟာ ယူကရိန်းနိုင်ငံအနောက်ပိုင်းရှိ စစ်ဘက်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ ပေမယ့် ပိုလန်နိုင်ငံရှိ မည်သည့်ပစ်မှတ်ကိုမှ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာမရှိဘူးလို့ ရုရှား ကာကွယ်ရေးဝန် ကြီးဌာနက ပြောပါတယ်။
ကိုးကား – Reuters
Ref; Sweden pledges another $7.5 billion military support for Ukraine