ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

အစိုးရပြုတ်ကျစေခဲ့တဲ့ လူအသေအပျောက်ရှိ ဆန္ဒပြပွဲတွေအတွင်း ထောင်ဖောက်ထွင်းမှုဖြစ်ပြီး နောက် အကျဉ်းသား ၂၀၀ နီးပါးကို ပြန်ဖမ်းဆီးခဲ့တယ်လို့ နီပေါစစ်တပ်က ကြာသပတေးနေ့မှာ ပြောပါ တယ်။

နီပေါနိုင်ငံတစ်ဝှမ်း ကစဉ့်ကလျားအခြေအနေမှာ အကျဉ်းသား ၁၃,၅၀၀ ဝန်းကျင် လွတ်မြောက်ခဲ့ ပြီး လုံခြုံရေးတပ်ဖွဲ့တွေ အခြေအနေကို ပြန်လည်ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။

“နီပေါစစ်တပ်ဟာ တိုင်းပြည်အရှေ့တောင်ပိုင်း ရတ်ဘီရတ်ဂျ်မြို့ရှိ အကျဉ်းထောင်မှ ထွက်ပြေးခဲ့ တဲ့ အကျဉ်းသား ၁၉၂ ဉီးကို ပြန်လည်ဖမ်းဆီးခဲ့ပါတယ်” လို့ နီပေါစစ်တပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ခတ္တမန္ဒူမြို့တော်ရဲ့အရှေ့ဘက် ရမ်မီချတ်မြို့ရှိ အခြားအကျဉ်းထောင်မှာ ရန်ပွဲဖြစ်ပွားလို့ နီပေါ စစ်တပ်က ပစ်ခတ်ခဲ့ရာ အကျဉ်းသားနှစ်ဉီး သေဆုံးခဲ့ပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဘီဟာ၊ ဥတာပရာဒက်ရှ်နဲ့ အနောက်ဘင်ဂေါပြည်နယ်အတွင်း ခိုးဝင်ဖို့ကြိုးပမ်းတဲ့ တရားခံပြေး အမြောက်အများကို ဖမ်းဆီးခဲ့ပြီး နီပေါအာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ အိန္ဒိယနယ်ခြား စောင့်တပ်ဖွဲ့က ပြောပါတယ်။

“နီပေါအကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား ၆၀ ဦးထက်မနည်းကို ကျွန်တော်တို့ ဖမ်းဆီးပြီး လွှဲပြောင်းပေးခဲ့ပါတယ်” လို့ အမည်မဖော်လိုတဲ့ အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

မငြိမ်မသက်မှုတွေအတွင်း လုယူထားတဲ့ လက်နက် ၁၀၀ နီးပါးကို ပြန်လည်ရရှိခဲ့ကြောင်း နီပေါ စစ်တပ်က ပြောပါတယ်။

ဆန္ဒပြသူတွေအပေါ် ဖြိုခွင်းမှုအတွင်း အကျဉ်းသား ၁၉ ဦးထက်မနည်း သေဆုံးပြီးနောက် လွှတ် တော်၊ အစိုးရနဲ့ သမ္မတရုံးတွေ၊ အဆောက်အအုံတွေနဲ့ ဟီလ်တန်ဟိုတယ်တွေ မီးရှို့ခံခဲ့ရပါတယ်။

ဓာတ်ပုံ-REUTERS
ကိုးကား – AFP
Ref; Nepal recaptures 200 prisoners, thousands still on the run