ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၂ ရက်

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ “ပညာပန်းခင်း” ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့ကို စစ်ကော်မရှင်တပ်က လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ် ၁၈ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကော်မရှင်တပ်သည် ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအတွင်းသို့ စက်တင်ဘာ ၁၂ ရက်၊ နံနက် ၁ နာရီ ၅ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့ခြင်းဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

အဆိုပါ ဗုံးနှစ်လုံးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် အနီးအနားရှိ ကလေးငယ်များအပါအဝင် စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

 

စစ်ကော်မရှင်သည် ကျောင်းသား၊ ကျောင်းသူများသာရှိသည့် ကျောင်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

 

ဓာတ်ပုံ- APM
ပုံစာ- ​ကျောက်​တော်မြို့ ဗုံးကြဲတိုက်ခိုက်ခံရပြီး​နောက် ​အပျက်အစီးများ။