ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) က စစ်ကော်မရှင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံ၏ အနာဂတ်အတွက် ပြုပြင်ပြောင်းလဲရေးဖြစ်သဖြင့် ပြည်သူများနှင့်အတူ အတတ်နိုင်ဆုံး ဝန်းရံကူညီသွားမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

လက်ရှိမြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် ပဋိပက္ခများကို စစ်ရေးနည်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ အဖြေမှန်ကို ရှာဖွေနိုင်မည်ဟု DKBA က ယုံကြည်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

DKBA ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) မှ အဆိုပါသဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန် ခဲ့ခြင်းဖြစ်ပြီး၊ ဗိုလ်မှူးချုပ် စောစိန်ဝင်းနှင့် ဗိုလ်မှူး နော်ကော်သူးလေလားဖိုးတို့ကို ဆက်သွယ် နိုင်ကြောင်းလည်း ဖြည့်စွက်ဖော်ပြထားသည်။

ဓာတ်ပုံ-DKBA.
ပုံစာ-နှစ်(၃၀) မြောက် DKBA အခမ်းအနားနေ့တွင် တွေ့ရသည့် DKBA တပ်ဖွဲ့ဝင်များ။