
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်
ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖိအားပေးဖို့ ကြိုးပမ်းမှုအဖြစ် တရုတ်နဲ့အိန္ဒိယအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန်သတ်မှတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဥရောပသမဂ္ဂကို တိုက်တွန်း လိုက်ပါတယ်။
ရုရှားအပေါ် စီးပွားရေးအရ ဖိအားတိုးပေးဖို့ အမေရိကန် အကြီးတန်းအရာရှိတွေနဲ့ ဥရောပသမဂ္ဂ တာဝန်ရှိသူတွေကြား အစည်းအဝေးပြုလုပ်နေစဉ် သူက အခုလို တောင်းဆိုတာပါ။
“တရုတ်နိုင်ငံက ရေနံဝယ်ယူမှုရပ်တန်ဖို့ ကတိပြုချိန်အထိ စည်းကြပ်ခွန် သတ်မှတ်ထားပါ” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဥရောပသမဂ္ဂ သတ်မှတ်တဲ့ မည်သည့်စည်းကြပ်ခွန်ကို အရိပ်ထင်စေဖို့ အမေရိကန်အစိုးရက ပြင် ဆင်နေပြီး အိန္ဒိယနဲ့တရုတ်သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် တိုးမြှင့်နိုင်တယ်လို့ အမေရိကန်အစိုးရ အ ကြီးတန်း အရာရှိတစ်ဉီးက ပြောပါတယ်။
ရုရှားက ယူကရိန်းနိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်နေစဉ် တရုတ်နဲ့အိန္ဒိယ ကို ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန်သတ်မှတ်ဖို့ အမေရိကန်နိုင်ငံက ဥရောပသမဂ္ဂကို တိုက်တွန်းတာပါ။
အိန္ဒိယနိုင်ငံဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်း ရုရှားရေနံစိမ်း တင်သွင်းမှုတွေ သိသိသာ သာ တိုးမြှင့်ခဲ့ပြီး တရုတ်နိုင်ငံဟာ ရုရှားရေနံ အများဆုံးဝယ်ယူတဲ့ တိုင်းပြည်ဖြစ်ပါတယ်။
“သတင်းစကားက ရှင်းပါတယ်။ အနောက်နိုင်ငံတွေဟာ ရုရှားကို ဖိအားပေးဖို့ ဖြစ်နိုင်သမျှ နည်း လမ်းကို သုံးပါမယ်” လို့ အမေရိကန် အရာရှိတစ်ဉီးက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံအချို့က ထောက်ပံ့မှုလမ်းကြောင်းနဲ့ ပြည်တွင်း ငွေကြေးဖောင်းပွမှု အန္တရာယ်တွေ ကြောင့် စည်းကြပ်ခွန်တိုးမြှင့်တာကို ဆန့်ကျင်ခဲ့ပါတယ်။
ကိုးကား – TRT World
Ref; Trump urges EU to impose 100% tariffs on China, India to pressure Putin – report