ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth ဟာ တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ကြီး ဒေါင်ကျန်နဲ့ ပထမဆုံးအကြိမ် ဆွေးနွေးမှုတွေပြုလုပ်ကာ အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ပဋိပက္ခ မ ဖြစ်လိုပေမယ့် အာရှ-ပစိဖိတ်ဒေသရှိ အရေးပါတဲ့ အကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်မယ်လို့ ပြောပါတယ်။

Pete Hegseth နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဒေါင်ကျန်တို့ဟာ အင်္ဂါနေ့က ပွင့် လင်းသော၊ အပြုသဘောဆောင်သော ဖုန်းပြောဆိုမှု ပြုလုပ်ခဲ့တယ်လို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင်ပါနဲလ်က ပြောပါတယ်။

“အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ ပဋိပက္ခမဖြစ်လို သို့မဟုတ် တရုတ်အစိုးရအပြောင်းအလဲဖြစ် အောင် မကြိုးပမ်းဘူးဆိုတာ Pete Hegseth က ရှင်းလင်းစွာ ပြောကြားခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသမှာ အရေးပါတဲ့ အကျိုးစီးပွားတွေရှိပြီး အဲဒီဟာတွေကို သေချာပေါက် ကာကွယ်စောင့်ရှောက်မှာဖြစ်ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

Pete Hegseth ရဲ့ တောင်းဆိုချက်ကြောင့် အွန်လိုင်းတွေ့ဆုံမှု ပြုလုပ်ခဲ့တာလို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဖို့၊ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်မှုကို အခြေခံသော အပြုသဘောဆောင်တဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်ဖို့ ဒေါင်ကျန်က Pete Hegseth ကို တိုက်တွန်းခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ ယမန်နေ့က တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ဖုန်းပြောဆိုခဲ့ကာ နှစ်နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Hegseth tells China in first call that US is not seeking conflict