 
                ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှတ်ပုံ တင်ထားသည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အပါအဝင် ပါတီလေးပါတီကို စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းကြောင်း စက်တင်ဘာ ၉ ရက်နေ့ညတွင် ကြေညာလိုက်သည်။
ယင်းကဲ့သို့ပါတီများကို ဖျက်သိမ်းရခြင်းမှာ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီခြင်းနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေ အတွက် မပြည့်မီခြင်းကြောင့်ဖြစ်ကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းပြသည်။

ဖျက်သိမ်းခံရသောပါတီများမှာ NLD အမတ်ဟောင်းများယှဉ်ပြိုင်ရန်စည်းရုံးထားသည့် အမျိုးသားဒီမို ကရေစီအင်အားစုပါတီ (NDF ) ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP)၊ အမျိုးသမီးပါတီ(မွန်) နှင့် ပြည်ထောင်စုလယ်သမားအလုပ်သမား အင်အားစုပါတီတို့ဖြစ်သည်။
“ NDF ပါတီကို တခဲနက် လာရောက်ပါတီဝင်ကြသူများ၊ လျွတ်တော်ကိုယ်စား လှယ်လောင်း လျှောက်လွှာ လာရောက်တင်ကြသူများ၊ များပြားလွန်းပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ကိုကိုး ကျွန်းမှလွဲ၍ ကိုယ်စားလှယ်များ အပြည့်ဖြစ်နေပါပြီ။ ဝိုင်းဝန်းကြိုးပမ်းပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် NDF ပါတီဖျက်သိမ်းခံရကြောင်း မကြေညာမီ တစ်ရက်အလိုတွင် လူမှုကွန်ရက်မှ ရေးသားဖြန့်ဝေခဲ့သည်။
စစ်ကော်မရှင်က ၎င်းတို့၏ ရွေးကောက်ပွဲအပိုင်း (၁) ကို လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည်ဟု ကြေညာထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယှဉ်ပြိုင်ရန် ပါတီ ကိုးပါတီစာရင်း တင်သွင်းထားသည်။
ထိုတင်သွင်းထားသည့်ပါတီ ကိုး ပါတီအနက် သုံးပါတီ ဖျက်သိမ်းခံရသည့် အတွက် ကြံ့ခိုင်ရေး ပါတီ(USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ဒေါက်တာသက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီ(PP)နှင့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့သာ ကျန်ရှိမည်ဖြစ်သည်။
ဓာတ်ပုံ- ဒေါ်စန္ဒာမင်းလူမှုကွန်ရက်
 
                                             
                                             
                                            