ဧရာ၀တီတိုင်းမ်
(တောင်ငူ) စက်တင်ဘာ ၉ ရက်

တောင်ငူ – သံတောင်လမ်း ( ၅ ) မိုင် ၊ လိမ်တိန်ကွေ့တွင် ယမန်နေ့ စက်တင်ဘာ ၈ ရက် ညနေ ၄ နာရီ ဝန်းကျင်ခန့်က စစ်ကော်မရှင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)တို့ တိုက်ပွဲ ဖြစ်ပွားးခဲ့ကြောင်း သိရသည်။

သံတောင်ဘက်မှ ဆင်းလာသော စစ်ကော်မရှင်၏ စစ်ယာဥ်တန်းကို PDF များမှ လမ်းတွင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်သားများ အငိုက်မိ၍ ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

” ကား ရှစ် စီးတောင်ငူဘက်ကို ပြေးဆင်းလာတယ်။ ရှေ့ဆုံး နှစ် စီးမှာ လူနာတွေ ပါတယ်။ ရှေးဆုံး ကား ၂ စီးက ရိုင်ထိုးပြီး ဒရယ်ကြမ်း မောင်းသွားကြတယ်။ ဒီကားတွေ ဆင်းပြေးလာပြီး သိပ်မကြာခင် တောင်ငူဘက်က လက်နက်အပြည့်အစုံ နှင့် စစ်ကား နှစ် စီး တောင်ပေါ် တက်သွားတယ်” ဟု ဒေသခံ ရွာသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တောင်ငူ – သံတောင်လမ်း ( ၅ )မိုင် နှင့် အဆိုပါ လိမ်တိန်ကွေ့သည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ကတည်းက စစ်ကော်မရှင် တပ်သားများမကြားခဏ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံမှုများ ရှိသည့် နေရာဖြစ်သည်။

တောင်ငူ – သံတောင်လမ်းပေါ်တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲဖြစ်ပြီးသည့် အခါတိုင်း စစ်ကော်မရှင်၏ သံတောင်ကြီး ဘုရင့်နောင်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းးပစ်ခတ် လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

ဓာတ်ပုံ-CJ

ပုံစာ-စစ်ကော်မရှင်တပ်ယာဉ်တန်းကိုတွေ့ရစဉ်။