ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
လွှတ်တော်ကို လေးလအတွင်း ဖျက်သိမ်းဖို့ ထိုင်းဝန်ကြီးချုပ်သစ် အနုတင်ချန်ဗီကရာကူလ်က ကတိပြုလိုက်ပါတယ်။
အနုတင်ဟာ တနင်္ဂနွေနေ့က ထိုင်းဘုရင်ရဲ့ ထောက်ခံမှုရရှိပြီးနောက် ဝန်ကြီးချုပ်အဖြစ် တရား ဝင် ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။
ဝန်ကြီးချုပ်ဟောင်း ပေထောင်တန်ရှင်နာဝပ်ထရာအား ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး က ရာထူးမှဖယ်ရှားပြီးနောက် အနုတင်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခဲ့တာပါ။
“ကျွန်တော် ထိုင်းလွှတ်တော်ကို လေးလအတွင်း ဖျက်သိမ်းသွားပါမယ်” လို့ တနင်္ဂနွေနေ့ သ တင်းစာရှင်းလင်းပွဲမှာ အနုတင်က ပြောပါတယ်။
ထိုင်းပြည်သူတွေက တိုင်းပြည်အနာဂတ်ကို ဆုံးဖြတ်နိုင်ဖို့ ပြည်သူတွေထံ အာဏာပြန်ပေးမယ် လို့ ၎င်းက ဆက်ပြောပါတယ်။
ရှေးရိုးစွဲ Bhumjaithai ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ အနုတင်ဟာ လွှတ်တော်ဖျက်သိမ်းရေးမှာ ဒီ မိုကရေစီလိုလားတဲ့ People’s Party ရဲ့ ထောက်ခံမှု ရရှိခဲ့ပါတယ်။
ကိုးကား – NHK
Ref; New Thai PM pledges to dissolve parliament within 4 months