ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်

 

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မြန်မာနဲ့ ကမ္ဘောဒီးယားရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း တွေနဲ့ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တနင်္လာနေ့က ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါ တယ်။

 

ဒဏ်ခတ်ပိတ်ဆို့မှုဟာ အမေရိကန်ပြည်သူတွေကို ဒေါ်လာ ၁၀ ဘီလီယံကျော် ဆုံးရှုံးမှုဖြစ်စေခဲ့ သော ကျားဖြန့်လုပ်ငန်းတွေလုပ်ကိုင်တဲ့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံသားတွေကို ရည်ရွယ် တယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ဂျွန်ဟာလေက ပြောပါတယ်။

ရွှေကုက္ကိုရှိ ကျားဖြန့်လုပ်ငန်းမှာပါဝင်တဲ့ လူကိုးဉီးနဲ့ ကုမ္ပဏီတွေ၊ ကမ္ဘောဒီးယားနိုင်ငံမှာ ကျား ဖြန့်လုပ်ကိုင်တဲ့ လူလေးဉီးနဲ့ ကုမ္ပဏီ (၆) ခုကို အမေရိကန် တာဝန်ရှိသူတွေက ဒဏ်ခတ်ပိတ်ဆို့ခဲ့တယ် လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။

 

“ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ အမေရိကန်ပြည်သူတွေကို အွန်လိုင်းငွေလိမ်မှုနဲ့ အမေရိကန်တွေ ရဲ့ စုငွေတွေ ခိုးယူခံရမှုမှ ကာကွယ်ပေးပါတယ်” လို့ သူက ဆိုပါတယ်။

 

အမေရိကန်နိုင်ငံက ကရင်အမျိုးသားတပ်မတော် (KNA) ခေါင်းဆောင် စောချစ်သူနဲ့ သူ့ရဲ့လက် ထောက်တွေဖြစ်တဲ့ စောတင်ဝင်း၊ စောမင်းမင်းဉီးအပြင် ၎င်းတို့ရဲ့ကုမ္ပဏီတွေကိုလည်း ဒဏ်ခတ်ပိတ်ဆို့ ခဲ့ပါတယ်။

 

ဘဏ္ဍာရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံသား Yatai International Holdings Group တည် ထောင်သူ She Zhijiang ကိုလည်း ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။ She Zhijiang နဲ့ စောချစ်သူတို့ဟာ ရွှေ ကုက္ကိုမှာ ကျားဖြန့်လုပ်ငန်းတွေ ထူထောင်ကာ သန်းနဲ့ချီ ဝင်ငွေရရှိနေပါတယ်။

 

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနဟာ စောချစ်သူနဲ့ သူ့ရဲ့သားတွေဖြစ်တဲ့ ထူးအယ်မို၊ စောချစ် ချစ်တို့ကို မေလအတွင်း ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

 

ကိုးကား – Al Jazeera
Ref; US sanctions companies behind cyber scam centers in Cambodia, Myanmar