ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
ပါလက်စတိုင်းကို နိုင်ငံတော်တစ်ခုအဖြစ် အသိအမှတ်ပြုဖို့ မကြာသေးမီက နိုင်ငံတကာရဲ့ တွန်း အားပေးမှုက ‘အမှား’ တစ်ခုလို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Gideon Saar က ပြောဆိုခဲ့ပြီး တစ်ဖက် သတ် တုံ့ပြန်မှုတစ်ခု ဖြစ်လာနိုင်ဟု သတိပေးလိုက်ပါတယ်။
ဒီလအတွင်းကျင်းပမယ့် အကြိမ် ၈၀မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပါလက်စတိုင်း ကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုဖို့ ပြင်သစ်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံများစွာက ကတိပြုခဲ့ပါတယ်။
“ပြင်သစ်နဲ့ဗြိတိန်လို့ နိုင်ငံတွေရဲ့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ တွန်းအားပေးမှု က ကြီးမားတဲ့ အမှားတစ်ခု ဖြစ်စေခဲ့ပါတယ်” လို့ အလည်အပတ်ရောက်ရှိနေတဲ့ ဒိန်းမတ် နိုင်ငံခြားရေး ဝန်ကြီး Lars Lokke Rasmussen နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ၎င်းက ပြောပါတယ်။
ကမ္ဘာ့နိုင်ငံတွေရဲ့ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ အစီအစဉ်ဟာ ငြိမ်းချမ်းရေးရရှိ ဖို့ ခက်ခဲစေမယ်လို့ သူက ဆက်ပြောပါတယ်။
“ဒီအစီအစဉ်ဟာ အရှေ့အလယ်ပိုင်းဒေသကို မတည်မငြိမ်ဖြစ်စေပြီး တစ်ဖက်သတ် ဆုံးဖြတ် ချက်တွေ ချမှတ်ဖို့ အစ္စရေးကို တွန်းအားပေးပါလိမ့်မယ်” လို့ ၎င်းက ဆိုပါတယ်။
အနာဂတ် ပါလက်စတိုင်းနိုင်ငံ ဖြစ်လာနိုင်မှုကို ခြိမ်းခြောက်မှုအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်း က သတိပေးခဲ့တဲ့ အရှေ့ဂျေရုဆလင်မြို့တော်မှာ E1 လို့ခေါ်တဲ့ အခြေချစီမံကိန်းသစ်ကို အစ္စရေးနိုင်ငံက အတည်ပြုပြီးနောက် သူက အခုလို မှတ်ချက်ပြုတာပါ။
သိမ်းပိုက်ခံ ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေး အခြေချနေထိုင်မှုအားလုံးဟာ တရားမဝင် ဘူးလို့ နိုင်ငံတကာဥပဒေအရ သတ်မှတ်ထားပါတယ်။
E1 စီမံကိန်းဟာ ပါလက်စတိုင်းနိုင်ငံတော်စိတ်ကူးကို မြှုပ်နှံပစ်ဖို့ ရည်ရွယ်ကြောင်း အစ္စရေး ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က ပြောပါတယ်။
ကိုးကား – AFP
Ref; Recognising Palestinian state could trigger ‘unilateral’ action, Israel warns