
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်
စနေနေ့က ယူကရိန်းနိုင်ငံအနောက်ပိုင်း Lviv မြို့မှာ ယူကရိန်းလွှတ်တော်ဥက္ကဌဟောင်း ပစ် သတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လွှတ်တော်ဥက္ကဌဟောင်း Andriy Parubiy ဟာ လမ်းပေါ်မှာ ပစ်ခတ်ခံရပြီး အခင်းဖြစ်ရာနေရာ မှာ သေဆုံးခဲ့တယ်လို့ ယူကရိန်းရဲတပ်ဖွဲ့က ပြောပါတယ်။
အခင်းဖြစ်ရာနေရာမှ ထွက်မပြေးမီ သေနတ်ရှစ်ချက် ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို ရှာဖွေနေ တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
သေနတ်သမားဟာ အစားအသောက် ပို့ဆောင်ရေးကုမ္ပဏီတစ်ခုမှ အလုပ်သမားလိုဝတ်ဆင်ကာ အမဲရောင်ဉီးထုပ်တစ်လုံး ဆောင်းထားတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
Andriy Parubiy ဟာ ၂၀၁၄ ခုနှစ်မှာ ရုရှားလိုလားတဲ့အစိုးရ ပြုတ်ကျစေခဲ့တဲ့ ယူကရိန်းရဲ့ လူထု ဆန္ဒပြပွဲမှာ ဉီးဆောင်အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
Andriy Parubiy ဟာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ယူကရိန်းလွှတ်တော် နာယကအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်နောက်ပိုင်း Andriy Parubiy ဟာ ယူကရိန်းသမ္မတဟောင်း ပက်ထရိုပိုရိုရှန်ကို ဉီး ဆောင်တဲ့ ရုရှားဆန့်ကျင်ရေး နိုင်ငံရေးပါတီတစ်ခုဖြစ်သော European Solidarity မှာ ပါဝင်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အရေးပါသော လူပုဂ္ဂိုလ်တွေ ဆက်တိုက် လုပ်ကြံသတ် ဖြတ်ခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဇူလိုင်လအတွင်း ဒရုန်းတိုက်ခိုက်မှုနဲ့ ရုရှားဆန့်ကျင်ရေး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ အကြီး တန်း လုံခြုံရေးအရာရှိတစ်ဉီး ကိယက်ဗ်မြို့တော်မှာ သတ်ဖြတ်ခံခဲ့ရဇပါတယ်။
ကိုးကား – NHK
Ref; Former Ukrainian parliamentary speaker shot dead in western Ukraine