ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်

 

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ စစ်ကိုင်း-မြစ်ငယ်ကားလမ်း ကျောကိစိမ်းဘုရားအနီးရှိ လက်ဖက် ရည်ကို ဆီဘောက်ဆာကားတစ်စီးမှ ဝင်ရောက်တိုက်မိခဲ့ပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဆီဘောက်ဆာကားတစ်စီးသည် ယနေ့ စက်တင်ဘာ ၁ ရက် နံနက် ၇ နာရီခန့်က 7 Star လက်ဖက် ရည်ဆိုင်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီးနောက် ဆီဘောက်ဆာ ပေါက်ကွဲ၍ မီးလောင်ခဲ့ရာ လူ သုံး ဦး သေဆုံးပြီး ရှစ် ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနက် လူစည်နေတဲ့အချိန်ဖြစ်သွားတော့ ထိခိုက်တဲ့သူများတယ်။ ဆီဘောက်ဆာက ဝင်တိုက်ပြီးတာနဲ့ မကြာဘူးမီးထလောင်တာ။ သုံး ယောက်က မီးကျွမ်းသွားတယ်။ ရှစ် ယောက်လောက်က မီးလောင် ဒဏ်ရာအချို့နဲ့ ထိခိုက်မှုအချို့ရှိပါတယ်”ဟု မြေပြင်ရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

 

အဆိုပါ ဆီဘောက်ဆာယာဉ်မှာ ဆိုင်ကယ်တစ်စီးအား တိမ်းရှောင်စဉ် လက်ဖက်ရည်ဆိုင်အား အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်မောင်းအား ဖမ်းဆီးရမိကြောင်း သိရသည်။

ဓာတ်ပုံ-မီးသတ်တပ်ဖွဲ့