ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁ ရက်

အိန္ဒိယနဲ့တရုတ်ဟာ ဖွံ့ဖြိုးရေးမိတ်ဖက်တွေသာဖြစ်ပြီး ပြိုင်ဖက်တွေမဟုတ်တာကို ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနဲ့ သမ္မတ ရှီကျင့်ဖျင်တို့က ကုန်သွယ်မှုဆက်ဆံရေးနဲ့ ကမ္ဘာ့စည်းကြပ်ခွန် မသေချာမှု တိုး လာစေမယ့်နည်းလမ်းတွေ ဆွေးနွေးစဉ် သဘောတူခဲ့ပါတယ်။

မိုဒီဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်၊ အီရန်၊ ပါကစ္စတန်၊ ဗဟိုအာရှတိုင်းပြည်လေးခုမှ ခေါင်း ဆောင်တွေနဲ့အတူ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) ရဲ့ နှစ်ရက်ကြာ ထိပ်သီးဆွေး နွေးပွဲကို တက်ရောက်ဖို့ (၇) နှစ်အတွင်း ပထမဆုံးအကြိမ်အဖြသ် တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။

အိန္ဒိယရဲ့ ရုရှားရေနံဝယ်ယူမှုအပေါ် လက်တုံ့ပြန်မှုအဖြစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယကုန်စည်တွေကို စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်း သတ်မှတ်ပြီး ရက်အနည်းငယ်အကြာမှာ ရှီကျင့်ဖျင် နဲ့ မိုဒီတို့ဟာ အနောက်နိုင်ငံတွေရဲ့ဖိအားလျှော့လာဖို့ ကြိုးပမ်းနေတယ်လို့ လေ့လာသူတွေက ပြောပါ တယ်။

အိန္ဒိယနိုင်ငံက တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်လာစေဖို့ သံန္နိဌာန်ချထားကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၉၉ ဘီလီယံကျော်ကို လျှော့ချလိုကြောင်း၊ အငြင်းပွားနယ်စပ်မှာ ငြိမ်းချမ်း ရေးနဲ့တည်ငြိမ်မှု ထိန်းသိမ်းလိုကြောင်း မိုဒီက ရှီကျင့်ဖျင်ကို ပြောပါတယ်။

နျူကလီးယားလက်နက်ပိုင် အာရှအိမ်နီးချင်း တရုတ်နဲ့အိန္ဒိယတို့ဟာ မိုင် ၂၄၀၀ နယ်နိမိတ် ထိ စပ်နေပြီး ၁၉၅၀ ခုနှစ်တွေကတည်းက နယ်မြေအငြင်းပွားခဲ့ပါတယ်။

တရုတ်နဲ့အိန္ဒိယဟာ ခြိမ်းခြောက်မှုတွေထက် ဖွံ့ဖြိုးရေး အခွင့်အလမ်းတွေရှိတယ်လို့ ရှီကျင့်ဖျင် က ပြောပါတယ်။ “နယ်စပ်အရေးကြောင့် တရုတ်-အိန္ဒိယ ဆက်ဆံရေးကို အဓိပ္ပာယ်ဖွင့်ဆိုလို့ မရပါဘူး” လို့ သူက ဆိုပါတယ်။

တရုတ်နဲ့အိန္ဒိယက ပြိုင်ဖက်အဖြစ်မမြင်ဘဲ မိတ်ဖက်အဖြစ် ရှုမြင်ပါက နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်လာနိုင်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

နယ်စပ်အခြေအနေဟာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီလို့ အိန္ဒိယ နိုင်ငံခြားရေး အ တွင်းဝန် ဗီကရမ်မစ်ဆရီက သတင်းထောက်တွေကို ပြောပါတယ်။

ကိုးကား – Reuters
Ref; India and China are partners, not rivals, Modi and Xi say