
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၈ ရက်
တရုတ်နိုင်ငံက မြေရှားသတ္တုတင်ပို့မှု ထိန်းချုပ်ပါက တရုတ်အပေါ် စည်းကြပ်ခွန် ၂၀၀ ရာခိုင် နှုန်းအထိ တိုးမြှင့်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။
“တရုတ်က ကျွန်တော်တို့ကို မြေရှားသတ္တု ပေးရပါမယ်။ တရုတ်က မြေရှားသတ္တုတင်ပို့မှု ရပ် ဆိုင်းလိုက်ရင် ကျွန်တော်တို့ စည်းကြပ်ခွန်ကို ၂၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပါမယ်” လို့ တနင်္လာနေ့က အိမ်ဖြူတော်မှာ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်နဲ့ တွေ့ဆုံပြီးနောက် ၎င်းက သတင်းထောက်တွေ ကို ပြောပါတယ်။
လေယာဉ်အစိတ်အပိုင်းတွေဟာ တရုတ်ရဲ့ မြေရှားသတ္တုချုပ်ကိုင်မှုအပေါ် အမေရိကန်နိုင်ငံက တန်ပြန်ရမယ့် အဓိကအရာတစ်ခုလို့ သူက ဆိုပါတယ်။
“တရုတ်က မြေရှားသတ္တု မပေးတာလို့ ကျွန်တော်တို့က ဘိုအင်းလေယာဉ် အစိတ်အပိုင်းတွေ ပြန်မပေးလို့ တရုတ်မှာ လေယာဉ်အစင်း ၂၀၀ မမောင်းနှင်နိုင်ပါဘူး” လို့ ၎င်းက ဆက်ပြောပါတယ်။
ဘိုအင်းကုမ္ပဏီက တရုတ်သို့ လေယာဉ်အစင်း ၅၀၀ ရောင်းချမယ့် သဘောတူညီမှုရဖို့ လုပ် ဆောင်နေပြီး နှစ်ဖက်စလုံးက လေယာဉ်မော်ဒယ်၊ အမျိုးအစားနဲ့ ပေးပို့ရမယ့်အချိန် စတဲ့အသေးစိတ်ကို ညှိနှိုင်းနေကြပါတယ်။
တရုတ်ရဲ့ အမေရိကန်သို့ မြေရှားသတ္တုတင်ပို့မှုဟာ ဇွန်လမှာ ယခင်လထက် ၆၆၀ ရာခိုင်နှုန်းအ ထိ ခုနှစ်ဆ တိုးလာခဲ့ပြီး ဇူလိုင်လမှာ တင်ပို့မှုပမာဏဟာ ၇၆ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြေရှားသတ္တုထုတ်လုပ်မှုမှာ လွှမ်းမိုးထားပြီး ကမ္ဘာ့မြေရှားသတ္တုထောက်ပံ့မှုရဲ့ ၉၀ ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားပါတယ်။
မော်တော်ယာဉ်၊ အီလစ်ထရောနစ်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စတဲ့ကုန်ထုတ်နယ်ပယ်မှာ အ မေရိကန်နိုင်ငံဟာ မြေရှားသတ္တုကို ကြီးမားစွာ အားထားနေရတဲ့အတွက် တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေမှာ သိသာတဲ့အားသာချက်ရှိနေပါတယ်။
နိုဝင်ဘာလလယ်မှာ သက်တမ်းကုန်ဆုံးမယ့် ယာယီသဘောတူညီချက်အရ နှစ်နိုင်ငံ ကုန်စည် တွေကို ၅၅ ရာခိုင်နှုန်းနဲ့ ၃၂ ရာခိုင်နှုန်းဝန်းကျင် စည်းကြပ်ခွန်သတ်မှတ်ဖို့ အမေရိကန်နဲ့တရုတ်က သ ဘောတူခဲ့ပါတယ်။
ကိုးကား – CNBC
Ref; Trump warns of 200% tariff on China if exports are curbed