
ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၂၈ ရက်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ ဒီနှစ်အတွင်း တွေ့ဆုံလိုပြီး တောင်ကိုရီးယားနိုင်ငံ နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေ ထပ်မံပြုလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်က ပြောပါတယ်။
“ကျွန်တော် ဒီနှစ်အတွင်း ကင်ဂျုံအန်ကို တွေ့ချင်ပါတယ်။ သင့်တော်တဲ့အနာဂတ်မှာ ကင်ဂျုံအန် နဲ့ တွေ့ဆုံရဖို့ ကျွန်တော် မျှော်လင့်ပါတယ်” တောင်ကိုရီးယားသမ္မတသစ် လီဂျေမြောင်ကို ပထမဆုံးအ ကြိမ် အိမ်ဖြူတော်မှာ ကြိုဆိုစဉ် ဒေါ်နယ်ထရမ့်က ဘဲဉပုံခန်းမမှာ သတင်းထောက်တွေကို ပြောပါတယ်။
နှစ်နိုင်ငံကြား ကုန်သွယ်ရေး သဘောတူညီချက် မရရှိသေးပေမယ့် နျူကလီးယားစွမ်းအင်၊ စစ် ရေးအသုံးစရိတ်၊ တောင်ကိုရီးယားက အမေရိကန်နိုင်ငံမှာ ဒေါ်လာ ၃၅၀ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ ကတိ ကဝတ်တွေကို ဆက်လက်ပြီး ဆွေးနွေးနေပါတယ်။
ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် လီဂျေမြောင်ဟာ အမေရိကန် အကြီးတန်း အရာရှိ တွေ၊ တောင်ကိုရီးယားနဲ့ အမေရိကန်ကုမ္ပဏီများမှ စီအီးအိုတွေနဲ့ စီးပွားရေးဖိုရမ်တစ်ခုကို တက်ရောက် ခဲ့ပါတယ်။
လီဂျေမြောင်ရဲ့ ဝါရှင်တန်ခရီးစဉ်နဲ့တိုက်ဆိုင်ပြီး တောင်ကိုရီးယားနိုင်ငံပိုင် လေကြောင်းလိုင်း Korean Air က လေ ကြောင်းလိုင်းသမိုင်းမှာ အကြီးမားဆုံး ဝယ်ယူမှုအဖြစ် ဘိုအင်းလေယာဉ် ၁၀၃ စင်း မှာယူကြောင်း ကြေညာခဲ့ပါတယ်။
“ကမ္ဘာပေါ်မှာ နှစ်ပိုင်းကွဲနေတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ်မှာ အဆွေ တော်က ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးဖို့ မျှော်လင့်ပါတယ်။ အဆွေတော်က ကမ္ဘာ့သမိုင်းမှာ ငြိမ်းချမ်း ရေးဖော်ဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်” လို့ လီဂျေမြောင်က ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ ယခုအခါ နှစ်စဉ် နျူကလီးယားထိပ်ဖူး ၁၀ ခုမှ ၂၀ ခုအထိ ထုတ်လုပ် နိုင်စွမ်းရှိပြီး အမေရိကန်နိုင်ငံအထိ ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ ပိုင်ဆိုင်နေပြီလို့ ၎င်းက ဆိုပါ တယ်။
ကိုးကား – Reuters
Ref; Trump wants to meet North Korea’s Kim this year, he tells South Korea