
ဟားခါးနှင့် ထန်တလန်ကြားက သီးမစ်လွင်ပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက် ၆၀ ထက်မနည်း သေဆုံးကာ CDF-Hakha ရဲဘော်တစ်ဦးကျဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြား သီးမစ်လွင်ပြင်တွင် ၁ လ ကြာတိုက်ပွဲဖြစ်ခဲ့ရာမှ စစ်ကောင်စီဘက်မှ ၆၀ ထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများပြီး ချင်းပူပေါင်းတပ်ဖွဲ့မှ CDF-Hakha ရဲဘော် ၁ ဦးကျဆုံး၍ ရဲဘော် ၅ ဦးခန့် မစိုးရိမ်ရသည့် ဒဏ်ရာရရှိကြောင်း ဩဂုတ်လ ၃၁ ရက်တွင် ချင်းအမျိုးသား တပ်ဦး (CNF) မှ သတင်းထုတ်ပြန်ထားသည်။
သီးမစ်လွင်ပြင်တိုက်ပွဲသည် ဇွန်လ ၃၀ ရက်နေ့မှ စတင်ကာ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ ၁ လ ကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့ပြန်လည်ထူထောင်ရေးခေါင်းစဥ်တပ်ပြီး ဟားခါးနှင့် ထန်တလန်အကြားရှိ ပြည်သူလူထုအသုံးမပြုတော့သည့် သီးမစ်တံတားကို ပြန်လည်တည်ဆောက်ရန် စစ်ရေးအရအင်အား ၈၀ကျော် ဖြည့်တင်းလာရာ ဇူလိုင်လ ၃၀ ရက်မှ ၎င်းဒေသတွင် စစ်ကောင်စီမှ စတင်စစ်ကြောင်းထိုးပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း
ရေးသားဖော်ပြထားသည်။
လက်ရှိတွင်လည်း စစ်ကောင်စီနှင့် ချင်းပူပေါင်းကာကွယ်ရေးတပ်ဖွဲ့ အကြားသီးမစ်လွင်ပြင်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး ကလေးမြို့နှင့် ဖလမ်းမြို့ဘက်မှ ကုန်းကြောင်း၊ လေကြောင်းနှင့် လူအင်အား၊ လက်နက်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း CNF၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – CNF
#ဖလမ်း #ထန်တလန် #သီးမစ်လွင်ပြင် #တု်က်ပွဲ #စစ်ကောင်စီ #သေဆုံး
#Ayeyarwaddy_Times