
ဆားလင်းကြီးနယ်အတွင်းရှိ စစ်ကောင်စီတပ်သားများ ထောင်ထားသည့် နင်းမိုင်း ၁၅ လုံးကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ သိမ်းဆည်းရမိ
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၁ ရက်
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးအတွင်းရှိ နယ်မြေများမှာ စစ်ကောင်စီတပ်များ ထောင်ထားသည့် နင်းမိုင်းများကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ သိမ်းဆည်းရမိခဲ့ကြောင်း တာဝန်ရှိသူတဦးထံက သိရသည်။
“ဆားလင်းကြီးနယ်အတွင်းမှာ နင်းမိုင်းထောင်ထားတာကတော့
၃၀ ကျော်ဝန်းကျင်လောက်ရှိမယ် လက်ရှိတော့ နင်းမိုင်း ၁၂ လုံး တူးဖော်ရရှိထားပါတယ်။ နေရာတော့မဖော်ပြတော့ပါဘူး ဆက်လက်ပီးရှာဖွေသွားအုံးမှာ ဖြစ်တယ်” လို့ ဗိုလ်စွမ်းသူမောင် က ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သားများထောင်ထားသည့် နင်းမိုင်း ၁၅ လုံးကို ဒီကနေ့ စက်တင်ဘာလ ၁ ရက်နေ့လည်မှာ တွေ့ရှိခဲ့တာဖြစ်ပြီ ကျန်ရှိသည့်နင်းမိုင်းများကို ပြည်သူတွေထိခိုက်မှုမရှိအောင် ဆက်လက်ရှာဖွေသွားမယ် လို့ တွေ့ရာသင်္ချိုင်း ဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များကပြောသည်။
#Ayeyarwaddy_Times