
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၇ ရက်
ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးဖို့ မတွေ့ဆုံရင် အကျိုးဆက်တွေ ရှိလာမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်း ခြောက်လိုက်ပါတယ်။
တနင်္လာနေ့က အိမ်ဖြူတော်မှာ သတင်းထောက်တစ်ဉီးရဲ့ ယူကရိန်းအရေး မေးမြန်းချက်အပေါ် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
“သူတို့နှစ်ဉီး ယူကရိန်းအကျပ်အတည်း အဆုံးသတ်ရေး ဆွေးနွေးဖို့ မတွေ့ဆုံရင် အလွန်ကြီးမား တဲ့ အကျိုးဆက်တွေ ရှိလာပါမယ်” လို့ ၎င်းက ဆိုပါတယ်။
လာမယ့် သီတင်းပတ်တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း ဘာဖြစ်မယ်ဆိုတာကို ကြည့်သွား မယ်လို့ သူက ဆက်ပြောပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ ပံ့ပိုးကူညီမယ့် ကတိကဝတ်ကို ဒေါ်နယ်ထရမ့်က အစောပိုင်း မှာ ထပ်လောင်းအတည်ပြုခဲ့ပေမယ့် လုံခြုံရေးအာမခံချက်ကိစ္စ မဆွေးနွေးရသေးဘူးလို့ ဆိုပါတယ်။
ဇီလန်စကီးဟာ ကိယက်ဗ်မြို့မှာ ယူကရိန်းဆိုင်ရာ ဒေါ်နယ်ထရမ့်ရဲ့ အထူးကိုယ်စားလှယ် ကိတ် ကဲလော့ဂ်နဲ့ တွေ့ဆုံခဲ့ပြီး စစ်ပွဲအဆုံးသတ်ရေး ဆွေးနွေးခဲ့ကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
အမေရိကန်နဲ့ ယူကရိန်း တာဝန်ရှိသူတွေဟာ သီတင်းပတ်အကုန်မှာ တွေ့ဆုံမယ်လို့ နော်ဝေဝန် ကြီးချုပ် ဂျိုးနက်စ်ဂါးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဇီလန်စကီးက ပြောပါတယ်။
အလက်စကားပြည်နယ်မှာပြုလုပ်တဲ့ ရုရှား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲအတွင်း ရရှိခဲ့တဲ့ အောင်မြင်မှုကို အဖွဲ့အစည်းအားလုံးက ဆက်တည်ဆောက်ရမယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရအမျိုးသမီး မာရီယာဇာခါရိုဗာက ပြောပါတယ်။
ကိုးကား – NHK
Ref; Trump warns of “consequences” if Putin and Zelenskyy do not meet